ဘယ်အချိန်ပဲကြည့်ကြည့်လိုက်ဖက်ပြီး ချစ်စရာ အရမ်းကောင်းတဲ့ ထိုင်းဆယ်လီစုံတွဲ တွေကို ဖော်ပြပေးချင်ပါတယ်။ သူတို့ကတော့
1. Mark Prin & Kimmy Kimberley
Sarm Noom Nuer Tong, Panya Chon Kon Krua, Ton Ruk Rim Rua, နဲ့ Ab Ruk Online စတဲ့ TV ဒရမ်မာဇာတ်ကားတွေ အများကြီးမှာ အတူသရုပ်ဆောင်ခဲ့ပြီးနောက် အပြင်မှာပါ ချစ်သူတွေ တကယ်ဖြစ်သွားကြတာပါ။
ပြည်တွင်းပြည်ပ ခရီးတွေ အတူသွားကြ၊ ချစ်စရာကောင်းတဲ့ ပုံလေးတွေ တင်လိုက်ကြနဲ့ အရမ်းကို လိုက်ဖက်ပြီး ချစ်စရာကောင်းတဲ့ စုံတွဲလေးပါ။ တွဲလာတာ (၄)နှစ်ကျော်လောက်ရှိပြီလို့ သိရပါတယ်။
2. Ken Phupoom & Esther Supreeleela
Instagram မှာ သူတို့စုံတွဲရဲ့ ကြည်နူးစရာပုံလေးတွေကို အမြဲတမ်းတင်လေ့ရှိတဲ့ စုံတွဲပါ။
3. Peach Pachara & Patricia Good
တွဲလာတာ တစ်နှစ်လောက်ပဲရှိသေးတယ်ဆိုပေမယ့် အရမ်းကို ချစ်စရာကောင်းတဲ့ စုံတွဲလေးပါ။
4. Taew Natapohn & Ton Arch
သူတို့စုံတွဲရဲ့ တွဲလာတဲ့ ချစ်သူသက်တမ်းကတော့ အံ့မခန်းပါပဲ။ (၁၁)နှစ်တောင်ရှိပါပြီ။
5. Porshe Saran & Grace
Instagram မှာ အရမ်းကို ရိုကြတဲ့ ဆယ်လီစုံတွဲတွေထဲမှာ သူတို့လည်း ပါပါတယ်။ ကြည်နူးစရာ ပုံလေးတွေကို အမြဲတင်လေ့ရှိပါတယ်။ ဒါပေမယ့် Grace ရဲ့ အမကတော့ Porshe Saran ကို သဘောမကျဘူးလို့ သိရပါတယ်။
6.Dj Push & Jooy Warattaya
‘Fun Fueng’ ဇာတ်ကားမှာ အတူစုံတွဲ သရုပ်ဆောင်ရင်း Dj Push က Jooy Warattaya ကိုကြွေသွားတာလို့ သိရပါတယ်။
(2018)မှာ လက်ထပ်ကြတော့မယ့် စုံတွဲပါ။
7. Weir Sukollawat & Bella Ranee
တွဲလာတာကြာခဲ့ပြီး public ကို သူတို့ရဲ့ပတ်သက်မှုကိုချပြလိုက်တာကတော့ သိပ်မကြာသေးပါဘူး။ အခုနောက်ပိုင်းမှာတော့ Instagram မှာ အရမ်းကို ရိုနေကြတဲ့ စုံတွဲပါ။
8. Nadech Kugimiya &Yaya Urassaya
Duang Jai Akkanee, Torranee Nee Krai Krong, Game Rai Game Ruk, ၊ Roi Fun Tawan Duerd စတဲ့ TV ဒရမ်မာတွေမှာ စုံတွဲ သရုပ်ဆောင်ပြီးနောက်မှာတော့ အပြင်မှာပါ တကယ် ချစ်သူတွေ ဖြစ်သွားခဲ့တာပါ။ ပွဲတွေမှာပါ အတူတွဲတတ်နေကြတဲ့ ချစ်သူ စုံတွဲပါ။