Prada S.p.A. က တော့ နာမည်ကြီး အီတလီ luxury fashion house ပါ။(၁၉၁၃)တည်းက စတင် ဖွဲ့ စည်း ထူထောင် ထား ခဲ့တာပါ။ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက Prada ရဲ့ ပွဲတစ်ခုကို ကျင်းပပြုလုပ်ခဲ့ပါတယ်။Prada နဲ့ Printemps တို့ collaboration လုပ်ထားတဲ့ “Prada Abstract” ကို မိတ်ဆက်ပေး တဲ့ ပွဲလေးပါ။ဒီပွဲကိုတော့ ထိုင်း နိုင်ငံရဲ့ နာမည်ကြီး ထိပ် တန်း မင်းသမီး တွေ ဖြစ်တဲ့ Bella Ranee ၊Taew Natapohn ၊Bow Maylada ၊မော်ဒယ် မင်းသမီးချော Nychaa ၊Cris Horwang️ .. တို့ တက် ရောက် ခဲ့ကြပါတယ်။

“Prada Abstract”  က တော့ အနက်နဲ့ အဖြူ နှစ်မျိုးတည်းကိုပဲ သုံးထားတဲ့ ဒီဇိုင်း မျိုးပါ။Prada ရဲ့ အသစ် ထုတ်လိုက်တဲ့ “Prada Abstract” ကိုတော့ ဘန်ကောက်မြို့ က The Emporium ဈေးဝယ်စင်တာ မှာ မိတ်ဆက် ပြခဲ့တာပါ။ Prada Multiple Views SS21 show မှာတော့ တခြား Prada Product တွေကို လည်း မိတ်ဆက် ပြ ခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Nuttanicha D. (@nychaa)

“Prada Abstract” တွေကို တော့ ဒီဇင်ဘာ ၁၃ အထိ ပဲ ရရှိနိုင်မယ်လို့ Bella က သူမရဲ့ IG မှာ တင်ထားပါတယ်။Bella က တော့ ပွဲတက် ပုံရိပ်တွေကို နိုဝင်ဘာ လကုန်ပိုင်းလောက် တည်းက သူမရဲ့ ပုံ တွေကို တင်ထားတာပါ။ Nychaa  ၊Cris Horwang️ နဲ့ Bella တို့က တော့ ပွဲကို အတူ တက်ရောက်ခဲ့ကြတာပါ။

Taew က တော့ “Prada Abstract” ပွဲ မှာ အနက်ရောင် ဂါဝန်ကို ရွေးချယ်ဝတ်ဆင်ခဲ့ပြီး သူမရဲ့ ပွဲတက် ပုံရိပ်တွေကို တော့ ဒီဇင်ဘာ ၂ ရက်နေ့က Instagram မှာ ဝေမျှ ထားတာပါ။

 

View this post on Instagram

 

A post shared by Natapohn T. (@taewaew_natapohn)

Bow က တော့ သူမရဲ့ IG မှာတော့ Show က ဗီဒီယိုဖိုင် တစ်ချို့ကို ဝေမျှ ပေးခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Bella Ranee Campen (@bellacampen)

#CELENOW(ref:Prada & Celes)