BL ဒရမ်မာဇာတ်ကားတွေကိုမှ ကြိုက်တဲ့ ပရိသတ်တွေ အတွက် ဇာတ်ကား တစ်ချို့နဲ့ မိတ်ဆက် ပေးချင်ပါတယ်။ထွက်ရှိထားတာ မကြာ သေးတဲ့ ဇာတ်ကားနဲ့ မထွက် သေးတဲ့ BL ဇာတ်ကား ကောင်းလေးတွေပါ။ဒီဇာတ်ကားစာရင်းကိုတော့ Cosmopolitan မှာ ဖော်ပြ ထားတာပါ။

1.Dark Blue Kiss (2019)

(၂၀၁၉) အောက်တိုဘာ (၁၂) ရက်နေ့က စတင်ပြသ ခဲ့တဲ့ ဇာတ်ကားလေးပါ။အပိုင်း(၁၂)ပိုင်း ပါဝင်ပါတယ်။ Tawan Vihokratana, Thitipoom Techaapaikhun, Supakorn Sriphotong, Gawin Caskey  နဲ့ Chayapol Jutamat တို့ ပါဝင် ထားပါတယ်။

2.Theory Of Love (2019)

(၂၀၁၉)မှာ ပြသခဲ့တဲ့ ထိုင်း BL ဇာတ်ကားလေးပါ။ Atthaphan Phunsawat နဲ့ Jumpol Adulkittiporn တို့ ပါဝင် ထားပါတယ်။အချစ်ဆုံး သူငယ်ချင်းကို ချစ်နေတဲ့ ကောလိပ် ကျောင်းသား လေးရဲ့ အ ကြောင်းပါ။

3.Come To Me(2019)

ဒီဇာတ်ကား က တော့ (၂၀၁၉) ထိုင်း TV စီးရီး လေးပါ။Prachaya Ruangroj နဲ့ Pawat Chittsawangdee တို့ ပါဝင် ထားပါတယ်။သရဲ နဲ့ သူ့ကို မြင် နိုင် တဲ့ ကောင်လေး တို့ ကြားက ချစ်စရာ ကောင်းတဲ့ ဆက်ဆံ ရေးအ  ကြောင်း ရိုက်ပြ ထားတဲ့ ဇာတ်ကားပါ။

 

4.Still 2gether (2020)

(၂၀၂၀)သြဂုတ် (၁၄) က နေ စပြ ပြီး (၂၀၂၀)စက်တင်ဘာ (၁၁)က မှ ပြီးသွားတဲ့ ဇာတ်ကားလေးပါ။ Metawin Opas-iamkajorn နဲ့ Vachirawit Chiva-aree တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။ Sarawat နဲ့  Tine တို့ ရဲ့ ချစ်စရာ ကောင်းတဲ့ ချစ်ဇာတ်လမ်း အ ကြောင်းလေးပါ။ပြဿနာ တစ်ခု ကြောင့် LDRS ဖြစ်ခဲ့ရတဲ့ သူတို့ ချစ်ဇာတ်လမ်းလေးကို တော့ ဒီကားထဲမှာ တွေ့ရမှာပါ။

 

5.The Shipper (2020)

(၂၀၂၀)ကမှာ ပြသ ခဲ့တဲ့ ဇာတ်ကားလေးပါ။Kanaphan Puitrakul, Sureeyaret Yakaret, Pawat Chittsawangdee, Pusit Disthapisit, Kanyarat Ruangrung နဲ့ Benyapa Jeenprasom တို့ ပါဝင်ထားပါတယ်။သေ နေ့ မ စေ့ခင် သေသွားခဲ့ရတဲ့ fangirl တစ်ယောက် က နေ အမျိုးသားတစ်ယောက်ရဲ့ Body  ပြောင်း ခွင့် ရခဲ့ပါတယ်။အဲ့ဒီ အခါ မှာတော့ ဘယ်လို BL ချစ်ဇာတ်လမ်း တစ်ခု ဖြစ်လာ လဲ ဆိုတာကို ဒီဇာတ်ကားထဲ မှာ ကြည့်ရမှာပါ။

 

6.2gether: The Series (2020)

(၂၀၂၀) ထိုင်း TV စီးရီး သစ်လေးပါ။ဒီကားမှာတော့ Metawin “Win” Opas-iamkajorn နဲ့ Vachirawit “Bright” Chiva-aree တို့ ပါဝင်ထားပါတယ်။ကောလိပ် ကျောင်းသား နှစ်ယောက် ကြားက fake relationship အ ကြောင်း ရိုက်ပြထားတဲ့ ဇာတ်ကားလေးပါ။

7.I’m Tee, Me Too (2020)

(၂၀၂၀)စက်တင်ဘာ (၁၈)ရက်နေ့မှာ ကြည့်ခွင့်ရတော့မယ့် ထိုင်း ဒရမ်မာ စီးရီး ဇာတ်ကား လေးပါ။ဒီဇာတ်ကား မှာတော့ Atthaphan Phunsawat, Perawat Sangpotirat, Prachaya Ruangroj, Tawan Vihokratana, Jumpol Adulkittiporn နဲ့ Thitipoom Techaapaikhun တို့ ပါဝင်ထားပါတယ်။စရိုက် မတူတဲ့ အမျိုးသား (၆) ယောက် တစ်မိုးေ အာက်မှာ နေရင်း ချစ်ဇာတ်လမ်း ဖြစ်ပေါ် လာတဲ့ အ ကြောင်းလေးပါ။

8.A Tale Of Thousand Stars(2020)

နှလုံး အစားထိုး ခံထားရတဲ့ သူက သူ့ နှလုံးပိုင်ရှင် ရဲ့ ဆန္ဒကို ဖြည့် ဆည်းပေးဖို့ ကြိုးစားတဲ့ ဇာတ်ကား လေးပါ။ချစ်သူ ကောင် လေး နဲ့ အတူတူ ကြယ် တွေ ကြည့်ချင်တဲ့  ကောင် မလေး ရဲ့ ဆန္ဒ ကို ဖြည့် ဆည်းပေး ဖို့ ကြိုးစားရင်း ဘယ်လို ချစ်ဇာတ်လမ်း ပေါက် ဖွားလာမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။(၂၀၂၀)မှာ ပြသ မှာဖြစ်ပြီး ဒိတ် အတိအကျ ကိုတော့ ဖော်ပြ မ ထားပါဘူး။    Pirapat Watthanasetsiri နဲ့ Sahaphap Wongratch တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။

 

#CELENOW