ထိုင်း အနုပညာရှင် တွေ က လည်း အခုဆိုရင် သူတို့ ပြည်တွင်း တင် မကပဲ တခြား ပြည်ပ အာရှ နိုင်ငံ တွေ အထိ ပါ ပိုပြီး ထိုး ဖောက် အောင်မြင်လာကြပါတယ်။ထိုင်း အနုပညာရှင် တော်တော် များများက တော့ တခြား သော အာရှ နိုင်ငံ တွေ မှာ ပါ သူတို့ ကို အားပေးတဲ့ ပရိသတ် အခိုင် အမာ ပိုင်ဆိုင်လာ ကြပါပြီ။အဲ့ဒီအထဲက မှ ဖိလစ်ပိုင် မှာ အောင်မြင် နေတဲ့ ထိုင်းမင်းသမီးတွေ ကို တော့ Thai Update မှာ အခုလို ဖော်ပြထားပါတယ်။
Baifern Pimchanok
View this post on Instagram
သူမက တော့ ဖိလစ်ပိုင်မှာ တင်မဟုတ်ပါဘူး။မြန်မာ နိုင်ငံမှာ ဆိုရင်လည်း အရမ်း ကို နာမည်ကြီး တဲ့ မင်းသမီးပါ။သူမက တော့ ဖိလစ်ပိုင်မှာ လည်း လက်ရှိ အရမ်းကို ရေပန်းစားနေပါတယ်။“Bai Mai Tee Plid Plew”, “Lhong Fai”, “Friend Zone”, တို့ကတော့ သူမရဲ့ နာမည်ကြီး ဇာတ်ကားတွေပါ။ဖိလစ်ပိုင်မှာတော့ တစ်နေ့ တခြား ကို သူမကို အားပေးတဲ့ ပရိသတ် တွေ တိုး နေ ပါတယ်။
View this post on Instagram
Yaya Urassaya
View this post on Instagram
နောက်ထပ် နာမည်ကြီး ထိုင်းမင်းသမီးက တော့ Yaya Urassaya ပါ။သူမက တော့ The Crown Princess”, “Switch”, “Wave of Life”. ဆိုတဲ့ ဇာတ်ကားတွေ နဲ့ ဖိလစ်ပိုင် ပရိသတ်တွေရဲ့ တခဲနက် ချစ်ခင်အားပေးမှုကို ရရှိခဲ့တာပါ။တခြား သော အာရှ နိုင်ငံ တွေ မှာ လည်း သူမကို အားပေးတဲ့ ပရိသတ်တွေ အများကြီးရှိပါတယ်။
View this post on Instagram
Mai Davika
View this post on Instagram
နောက်တစ်ယောက်က တော့ Mai Davika ပါ။သူမက တော့ ၂၀၁၃ တုန်းက ရုပ်ရှင်ကား “Pee Mak” နဲ့ နာမည်ကြီးခဲ့တာပါ။ဒီကား ကြောင့် ထိုင်းနိုင်ငံ ပြည်တွင်း တင် မကပဲ ဖိလစ်ပိုင်၊ထိုင်း အစရှိတဲ့ တခြား အာရှ နိုင်ငံ တွေ အထိ နာမည်ကြီး ခဲ့တာပါ။လက်ရှိ မှာ လည်း အောင်မြင်တဲ့ ထိုင်းမင်းသမီး တစ်ယောက် အဖြစ် နဲ့ ရပ်တည် နေပါတယ်။
View this post on Instagram
Aom Sushar
View this post on Instagram
နောက် ဆုံး တစ်ယောက်က တော့ Aom Sushar ပါ။သူမက တော့ ၂၀၁၀ တုန်းက ရုပ်ရှင်ကား “Yes or No” မှာ ပါဝင် သရုပ် ဆောင် ပြီး နောက် နာမည်ကြီး လာခဲ့သူပါ။TV စီးရီး “Full House” ဆို ရင်လည်း ပရိသတ် တော်တော် လေး ကြိုက် ကြပါတယ်။ဖိလစ်ပိုင် ပရိသတ်တွေ လည်း အဲ့ဒီ ဇာတ်ကားကို တော်တော် ကြိုက် ကြပါတယ်။
View this post on Instagram
#CELENOW