ထိုင်းနိုင်ငံရဲ့ နာမည်ကြီး အနုပညာရှင် တွေ ထဲမှာ တော့ တစ်ချို့က ဇာတ်ကားမရိုက်ခင် သရုပ်ဆောင်မဖြစ်ခင်တည်းက  နာမည်ကြီး နေတဲ့ သူ တွေ ရှိပါတယ်။ဒီအ ကြောင်းကိုတော့ Thai Update မှာ ဖော်ပြထားပါတယ်။

Jannine Weigel

Jannine Weigel  ကလည်း အဆိုတော် အဖြစ် ပွဲဦး မထွက်ခင်တည်းက နာမည်ကြီး နေသူပါ။ YouTube မှာ Cover Song တွေ ကို တင် ပေး ရင်း ပရိသတ် အားပေးမှုကို အခိုင်အမာ ရထားခဲ့ပြီး သူမကလည်း ပွဲဦး မထွက်ခင်တည်းက အောင်မြင် နေနှင့်ပြီးသား အနုပညာရှင် တွေထဲက တစ်ယောက်ပါ။

Nine Naphat

ထိုင်းမင်းသား တွေထဲမှာတော့ Nine Naphat က ရုပ်ချောတဲ့ နာမည်ကြီး မင်းသား တစ်ယောက်ပါ။မင်းသား အဖြစ် ပွဲဦး မထွက် ခင်တည်းက ကြော်ငာ တွေ အများကြီးမှာ ပါဝင် ခဲ့ဖူးပါတယ်။မင်းသမီး Moo Pimpaka ရဲ့ သားပါ။လက်ရှိမှာတော့ Thai TV3 ရဲ့ နာမည်ကြီး မင်းသား အဖြစ် ရပ်တည် နေပါတယ်။

Toey Jarinporn

 

View this post on Instagram

 

A post shared by Jarinporn J. (@toeyjarinporn)

ချစ်စရာ ကောင်းတဲ့ Toey Jarinporn က လည်း မင်းသမီး မဖြစ်ခင်တည်းက နာမည်ကြီးနေသူပါ။ချစ်စရာ ကောင်းပြီး Sweet ဖြစ်တဲ့ သူမက တော့ မင်းသမီး မဖြစ်ခင်တည်းက ဆိုရှယ်မီဒီယာ ပေါ်မှာ နာမည်ကြီးခဲ့သူပါ။လက်ရှိမှာတော့ အောင်မြင်တဲ့ မင်းသမီး တစ်ယောက် အဖြစ် ရပ်တည် နေပါတယ်။

 

View this post on Instagram

 

A post shared by Jarinporn J. (@toeyjarinporn)

#CELENOW