ထိုင်းမင်းသားတွေကိုလည်း မြန်မာပရိသတ်တွေ ၀န်းရံလာတာကို တွေ့ရပါတယ်။ထိုင်းဇာတ်ကားတွေ၊ထိုင်းအနုပညာ ရှင်တွေကို ချစ်တဲ့ မြန်မာပရိသတ်တွေ အတွက် ထိုင်း Single မင်းသားလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။သူတို့ ကတော့ နောက်ပိုင်းဘယ်လိုဖြစ်မယ် မသိပေမယ့် single ဘ၀နဲ့ နေလာတာကတော့အတော်လေး သက်တမ်းရင့်နေပါပြီ။

1. Pope Thanawat

TV drama Buppae Sunniwas မှာ သရုပ်ဆောင်ပြီးနောက် နာမည်ကြီးလာသူပါ။သူကတော့ အခုထိ still single ပါ။

2. Sunny Suwanmethanon

Aom Phiyada နဲ့ တွဲတယ်ဆိုတဲ့ သတင်းတွေ အရင်က ထွက်ခဲ့ဖူးပေမယ့် အဲ့ဒီနောက်ပိုင်းမှာတော့ single ဘ၀နဲ့ အရိုးထုတ်နေပါတယ်။

3. Great Warintorn

မင်းသမီးတွေ အများကြီးနဲ့ တွဲနေတယ်ဆိုပြီး သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။ဒါပေမယ့် သူကတော့ အဲ့ဒီသတင်းတွေ အားလုံးကို ငြင်းပြီး single ပါလို့ ပြောထားပါတယ်။

4. James Jirayu

Bella Ranee နဲ့ လိုက်တယ်ဆိုပြီး ပရိသတ်တွေက တွဲပေးကြပေမယ့် မအောင်မြင်ခဲ့ပါဘူး။Bella မှာ ချစ်သူရှိပါတယ်။တစ်ကိုယ်တည်း single ဖြစ်နေတုန်းပါ။

5. Kao Jirayu

အချစ်ဟောင်းနဲ့ လက်တွဲဖြုတ်ပြီးတည်းက အသစ်မရှာသေးသူပါ။ချစ်သူသစ် မရသေးပဲ အခုထိ single ဖြစ်နေ တုန်းပါ။

source thainews