ထိုင်းမင်းသားချော Mick Tongraya ရဲ့ ဇာတ်ကားသစ်ကို မျှော်နေတဲ့ ပရိသတ်တွေ အတွက် သတင်း ကောင်းရှိပါတယ်။အသစ် ထွက်ရှိမယ့် Talay Luang (2020) ဆိုတဲ့ ဇာတ်ကားသစ် Trailer ကိုေ တာ့ Mik ရဲ့ Instagram မှာ ဝေမျှ ပေးထားပါတယ်။ဒီဇာတ်ကားမှာတော့ Mik နဲ့ အတူ Sammy Cowell ၊ Miss Grand Thailand 2016 ဖြစ်သလို မင်းသမီး တစ်ယောက် လည်း ဖြစ်တဲ့ Supaporn Malisorn၊ Rapeepat Eakpankul.. တို့ အပါအ၀င် သရုပ်ဆောင် တွေ အများကြီး ပါဝင် ထား ကြပါတယ်။
View this post on Instagram
View this post on Instagram
အင်္ဂလိပ် နာမည် It All Begins At The Sea ဆိုပြီး ပေးထားပါတယ်။ဇာတ်ကား အကျဉ်းလေးက တော့ ကျွန်းပေါ်မှာ ထူး ဆန်းတဲ့ လူ တစ်ယောက် ပေါ်လာခဲ့ပါတယ်။အဲ့ဒီမှာ Moya နဲ့ တွေ့ ဆုံ ပြီး ချစ်မိသွားခဲ့ကာ ကျွန်း ပေါ်မှာ အပန်း ဖြေ Resort ဆောက်ဖို့ လုပ် ခဲ့ပါတယ်။သူငယ်ချင်းက သတိပေးတာကို ဆန့်ကျင်ပြီး Moya ကလည်း ကျွန်းပေါ် ရောက်လာတဲ့ ကိုလူစိမ်းရဲ့ မေတ္တာကို ပြန် တုံ့ပြန် ခဲ့ပါတယ်။
View this post on Instagram
View this post on Instagram
သူတို့နှစ်ယောက် ချစ်သွားပြီး နောက်မှာတော့ ကိုယ်ဝန် နဲ့ အမျိုးသမီး တစ်ယောက် ရောက်လာပြီ ဒီလူက သူမရဲ့ ခင်ပွန်း ဆို ပြီး ပေါ် လာခဲ့ပါတယ်။ Moya ကလည်း ကိုယ်ဝန်သည် အမျိုးသမီးဆီကို ကို လူစိမ်းကို ပြန် ပေးလိုက်ပါတယ်။မေ့ပစ်ဖို့ ကြိုးစားပေမယ့် လည်း Moya တစ်ယောက် မေ့ မရ ခဲ့သလို ကိုလူစိမ်းက သူပျောက်ဆုံးနေတဲ့ မှတ်ဥာဏ် တွေ ကို ပြန် ရလာတဲ့ အခါ မှာတော့…………… ဘာတွေ ဆက်ဖြစ် မလဲ ဆိုတာကို ဇာတ်ကားထဲမှာ ဆက်ကြည့်ရမှာပါ။
View this post on Instagram
#CELENOW(ref:mydramalist)