Natapohn Tameeruks က တော့ Taew ဆိုပြီး နာမည်ကြီးတဲ့ ထိုင်းမင်းသမီးချောပါ။သူမရဲ့ အသက်က တော့ (၃၁)နှစ်ရှိနေပါပြီ။လက်ရှိမှာတော့ ထိုင်း TV 3 နဲ့ လက်တွဲ အလုပ်လုပ် နေပါတယ်။ပရိသတ် အကြိုက် တွေ့ စေမယ့် ဇာတ်ကားကောင်းတွေ အများကြီး ထွက်ရှိ ထားတဲ့ သူမက တော့ လက်ရှိမှာလည်း အောင်မြင်တဲ့ မင်းသမီး တစ်ယောက် အဖြစ် ရပ်တည် နေပါတယ်။Taew က တော့ အခုနောက်ပိုင်းမှာ Body ကျန်းမာ ကြံ့ ခိုင် ရေးကို အရမ်း ဦးစားပေးလာတာကို တွေ့ရပါတယ်။
View this post on Instagram
View this post on Instagram
Taew ရဲ့ ပရိသတ်တွေ ဆိုရင် တော့ သူမ ဘယ်လောက်ထိ လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန် ကြိုးစားလုပ် နေလဲ ဆိုတာကို သိကြမှာပါ။ သူမရဲ့ IG Story မှာ လေ့ကျင့်ခန်း လုပ်ဖြစ်တဲ့ ဗီဒီယိုဖိုင် တွေကို တင်ဖြစ်သလို သူမရဲ့ IG မှာ လည်း ပုံတွေ၊ဗီဒီယိုဖိုင် တွေ တင် လေ့ရှိပါတယ်။Activewear ဖြစ်တဲ့ Wakingbee နဲ့ D.R.Drink အတွက် လည်း ကြော်ငြာ Post တွေ မကြာခဏ တင် ပေး လေ့ရှိပါတယ်။သူမ အများဆုံး လုပ်ဖြစ်တဲ့ လေ့ကျင့်ခန်း တွေ က တော့ ပြေးတာ၊ Pilates လေ့ကျင့်ခန်း၊အလေးတုံးတွေနဲ့ လုပ်တဲ့ လေ့ကျင့်ခန်းတွေ ကို အများဆုံး လုပ်ဖြစ်ပါတယ်။
View this post on Instagram
View this post on Instagram
Taew ရဲ့ ဗီဒီိယိုဖိုင်တွေ ကို ကြည့်မယ်ဆိုရင် တော့ သူမရဲ့ ကိုယ်လုံးသေးသေးလေးနဲ့ မှ မလိုက် အောင် တော်တော် လေး ပြင်းပြင်း ထန်ထန် လေ့ကျင့်ခန်းတွေ ကို လုပ်နိုင် တာကို တွေ့ရမှာပါ။ပရိသတ် တစ်ချို့က တော့ တဖြည်းဖြည်း ပိန်လာတဲ့ သူမရဲ့ Body ကြောင့် သူမကို ဒီ့ထက် ပိုပြီး ၀ိတ် ကျ သွားမှာ စိတ်ပူ နေကြပါတယ်။Taew ကတော့ ပိန်ပိန် ပါးပါးနဲ့ Muscle တွေ ရှိတဲ့ ကျစ်လစ်တဲ့ Body မျိုးကို ရအောင် ကြိုးစားနေ ပုံ ရပါတယ်။
View this post on Instagram
View this post on Instagram
Taew ရဲ့ ဇာတ်ကားသစ် အနေနဲ့ ဆိုရင် တော့ Game Lah Torrachon (2021) ဆိုတဲ့ ဇာတ်ကား သစ် ထွက်ဖို့ရှိပါတယ်။မင်းသားက တော့ Mark Prin ပါ။နောက်ထပ် ဇာတ်ကားသစ် Miti Thi Sarm (2020) မှာတော့ မင်းသားက Nadech Kugimiya ပါ။
View this post on Instagram
View this post on Instagram
#CELENOW(ref;IG/Taew)