Sririta Jensen Narongdej က တော့ ထိုင်းမင်းသမီး မော်ဒယ် တစ်ယောက်ပါ။အသက် ၃၉ နှစ်ရှိနေတဲ့ သူမက တော့ ထိုင်း-ဒိန်းမတ် ကပြား မလေး ပါ။ Sririta Jensen က တော့ ထိုင်း TV စီးရီးတွေ မှာ ဧည့်သည် သရုပ် ဆောင် နေရာက နေ ပါဝင် ရင်းနဲ့ နာမည်ကြီး လာခဲ့သူပါ။ဒီလိုနဲ့ပဲ ထိုင်းမှာ နာမည်ကြီး မော်ဒယ် တစ်ယောက် ဖြစ်လာခဲ့တာပါ။ကြော်ငြာ တွေ ၊မဂ္ဂဇင်းတွေ အများကြီးမှာ ပါဝင် ပေးခဲ့ဖူးပါတယ်။TV ဒရမ်မာ စီးရီးတွေ အများကြီး လည်း ရိုက်ခဲ့ ဖူးပါတယ်။နောက်ဆုံး ရိုက်ခဲ့တဲ့ ဇာတ်ကားက တော့ Plerng Ruk Plerng Kaen (2019) ပါ။ဒီကားမှာတော့ Jooy ၊ Boy Pakorn ၊ Punjan Kawin တို့ နဲ့ အတူ တွဲ သရုပ်ဆောင် ထားပါတယ်။
View this post on Instagram
View this post on Instagram
Sririta Jensen က တော့ လက်ရှိမှာ ကိုယ်ဝန် လွယ်ထားရပါတယ်။မကြာသေးခင်တုန်းကမှ သူမလွယ်ထားရတဲ့ ကိုယ်ဝန်က သားလေး လား သမီးလေး လား ဆိုတာကို ထုတ်ပြောခဲ့ပါတယ်။ကလေးလေးက ဘာလေးလဲ ဆိုတာကို ထုတ် ပြောတဲ့ gender reveal party ပွဲလေး ပြုလုပ် ခဲ့ပါတယ်။ပွဲ က ဗီဒီယိုဖိုင် နဲ့ အမှတ်တရ ပုံရိပ် လေးတွေ ကိုတော့ သူမရဲ့ Instagram မှာ ဝေမျှ ပေးခဲ့ပါတယ်။ကလေးလေး က တော့ သားလေးပါ။သားလေး ပါလို့ ပြော ပြီး သူမ အတွက် ဆုမွန် ကောင်း တောင်းပေးတဲ့ သူတွေ ကိုလည်း ကျေးဇူး တင်ပါတယ်လို့ ပြောခဲ့ပါတယ်။
View this post on Instagram
View this post on Instagram
Sririta က တော့ သူမရဲ့ ချစ်သူ Korn Narongdej နဲ့ (၂၀၂၀) ဖေဖော်ဝါရီ ၂၉ တုန်းက Four Seasons Place Hotel မှာ လက်ထပ်ခဲ့တာပါ။ ချစ်သူ သက်တမ်း (၃)နှစ် အကြာမှာ လက်ထပ် ခဲ့တာပါ။ သူမရဲ့ ခင်ပွန်း Korn Narongdej ကတော့ KPN group ရဲ့ ဒုဥက္ကဌ ပါ။ (၂၀၁၉) မေ (၂၉) ရက်နေ့က Rita Sririta ကို လက်ထပ်ခွင့် တောင်းခဲ့ တာပါ။
View this post on Instagram
View this post on Instagram
လက်ထပ် ခွင့် တောင်းတုန်းကလည်း ရိုမန်တစ်ဆန်ဆန် နဲ့ ကို လက်ထပ်ခွင့် တောင်းတာ ခဲ့သလို လက်ထပ် တော့လည်း ခမ်းခမ်းနားနား လက်ထပ် ယူခဲ့တာပါ။ကိုယ်ဝန် ရတဲ့ အကြောင်းကိုတော့ ၂၀၂၀ စက်တင်ဘာ ၁၁ တုန်းက IG မှာ Post တင်ပြီး အသိပေးခဲ့တာပါ။
View this post on Instagram
View this post on Instagram
#CELENOW(ref:IG/Sririta)