နာမည်ကျော် ထိုင်ဝမ်မင်းသမီးချော Shu Qi ကတော့ ကျန်းမာရေးအခြေအနေကြောင့် သရုပ်ေ ဆာင် အလုပ်ခဏနားမယ့်အကြောင်းကို သူမရဲ့ ဆိုရှယ်မီဒီယာက တစ်ဆင့် ဒီဇင်ဘာ (၅)ရက်နေ့က အသိပေးလိုက်ပါတယ်။ဒီအကြောင်းကိုတော့ Weibo, Facebook နဲ့ Instagram တို့မှာ တင်ခဲ့ တာပါ။
အသက်(၄၁)နှစ်ရှိနေပြီဖြစ်တဲ့ Shu Qi ဟာ အာရှမှာပါနာမည်ကြီးတဲ့ ထိုင်ဝမ် မင်းသမီး၊မော်ဒယ် တစ်ယောက်ပါ။တရုတ်ရဲ့ ၀င်ငွေအကောင်းဆုံး မင်းသမီးတွေထဲက တစ်ယောက်အပါအ၀င်ပါ။သူမ ရဲ့ ဆိုရှယ်မီဒီယာမှာတော့” သရုပ်ဆောင်အလုပ်ကို ခဏနားပါမယ်။ချစ်ခင်အားပေးကြသူတွေကို ကျေးဇူးတင်ပါတယ်။မကြာခင်ပြန်တွေ့ပါမယ်” ဆိုပြီး တင်ခဲ့တာပါ။

 

Posts တွေကို Mandarin လိုရေးခဲ့တာပါ။ကျန်းမာရေးအခြေအနေကြောင့် နားတယ်လို့ ပြောေ ပမယ့် အတိအကျတော့ပြောမထားပါဘူး။သရုပ်ဆောင် ဒါရိုက်တာStephen Fung နဲ့  လက်ထ ပ်ထားတဲ့ သူမဟာ ကိုယ်ဝန်ရလို့ အလုပ်ကိုခဏအနားယူတာလား ဆိုပြီး အပြင်မှာ သတင်းတွေ ထွက်နေပါတယ်။တစ်ချို့ကလည်း ခင်ပွန်းဖြစ်သူလို ဒါရိုက်တာ လုပ်ဖို့ စီစဉ်နေတာလား ဆိုပြီး အမျိုးမျိုး ပြောနေကြပါတယ်။

အနုပညာလောကထဲကျင်လည်လာတာ (၂၂)နှစ်ရှိနေပြီဖြစ်တဲ့ Shu Qi က သူမရဲ့ ကျန်းမာရေး အတွက်လည်း အချိန်ပေးအာရုံစိုက်ချင်တယ်လို့ မီဒီယာတွေကို အရင်တုန်းက ပြောခဲ့ဖူးတာတွေ တော့ရှိပါတယ်။(2018)မှာ ထွက်မယ့် Shanghai Fortress ဇာတ်ကား ရိုက်ကူးပြီးချိန်ဖြစ် တာကြောင့် အချိန်ကောင်းပဲလို့ ပြောခဲ့ပါတယ်။

သူမအနားယူမယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး Apple Daily ရဲ့ ဖော်ပြချက်ကို Shu Qi  က တ စ်ညအတွင်းမှာပဲ ဘာလို့ ဒီလောက်ချဲ့ကားဖော်ပြကြရတာလဲ.?၊ရိုက်ကူးရေးက ပြီးရုံပဲရှိပါသေး တယ်။ဆရာဝန်ကလည်း ကျွန်မကို သတိပေးနေတာကြောင့် ရုပ်ရှင် ဆက်မရိုက်နိုင်တာပါ။ ဒါက ခဏအနားယူတာပါ။လုံးဝအပြီးနားလိုက်တာမျိုးမဟုတ်ပါဘူး” လို့ ပြန် တုံ့ပြန်ခဲ့ပါတယ်။ဒါ့အပြင် သူမရဲ့ မျက်နှာမှာလည်း Allergic ထလို့ ယောင်နေ တာကြာပြီဖြစ်ကြောင်း၊နောက်တစ်ကြိမ် ကင် မရာရှေ့ပြန်မထွက်ခင်မှာ ဒါကိုလည်း ပျောက်အောင် ကုဖို့ လိုတယ်လို့ ဖြည့်စွက်ပြောခဲ့ပါတယ်။

from channelnewsasia

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။