Roy Leh Marnya က တော့ လက်ရှိပြသ နေတဲ့ ထိုင်း ဒရမ်မာဇာတ်လမ်းတွဲလေးပါ။ဒီဇာတ်ကား က တော့ ပရိသတ်တွေ အရမ်းကို မျှော်လင့် ထားခဲ့ရတဲ့ ဇာတ်ကား ဖြစ်ပြီး မျှော်လင့် ထားသလို ဇာတ်ကားကောင်း တစ်ကား ဖြစ်ခဲ့ပါတယ်။ကြည့်ရှုနှုန်း Rating ကောင်း ကောင်း ရထားသလို ဒီကားထဲက သရုပ်ဆောင်တွေကို လည်း ပရိသတ်တွေ က အားပေးချီးကျူး ခဲ့ ကြပါတယ်။“Roy Leh Marnya” က တော့ ထိုင်း TV3 drama ဒရမ်မာ ဇာတ်ကား သစ်ပါ။Pope Thanawat, Bella Ranee တို့က အဓိက နေရာ က နေ ပါဝင်ထားတာပါ။ဒီအ ကြောင်းကိုတော့ Thai Update မှာ ဖော်ပြထားတာပါ။

ဒီဇာတ်ကားက တော့ Pope Thanawat နဲ့ Bella Ranee တို့ အတူတူ သရုပ်ဆောင်တဲ့ ဒုတိယ မြောက် TV ဒရမ်မာ ဇာတ်ကား ပါ။ပထမ ဇာတ်ကား “Buppesunnivas” မှာ လည်း အတူ သရုပ်ဆောင်ခဲ့ ပြီး အဲ့ဒီဇာတ်ကား ကလည်း အရမ်း အောင်မြင် ခဲ့ ပါတယ်။အမြဲတမ်း chemistry မိ နေတဲ့ သူတို့နှစ်ယောက်က တော့ ဒီကားထဲမှာ လည်း ဇာတ်ကောင် နဲ့ လည်း ကွက်တိ ကျ ပြီး လိုက် ဖက် နေ တာကို တွေ့ရပါတယ်။ပရိသတ်တွေ က လည်း နှစ်ယောက်လုံးရဲ့ သရုပ်ဆောင် ချက်တွေ ကို အရမ်း သဘောကျ နေပါတယ်။

ဒီဇာတ်ကားထဲမှာတော့ မင်းသမီး Wawa Nichari က ဗီလိန် နေရာ ကနေ ပါဝင် ထားပါတယ်။သူမရဲ့ သရုပ်ဆောင် စွမ်း ရည်ကို လည်း ပရိသတ်တွေ က နှစ်သက် ချီးကျူး ခဲ့ ကြပါတယ်။အရင်က ဒီလို ဇာတ်ကောင် မျိုးကို သရုပ်မဆောင် ခဲ့ဖူး ပဲ ဒါပထမဆုံး ဆို ပေမယ့် လည်း အ ကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။

မင်းသမီးချောလေး Mint Nawinda ကလည်း ဒီကားမှာ ဗီလိန် နေရာ က နေ ပါဝင် ထားပါတယ်။သူမကို လည်း ပရိသတ်တွေ က အရမ်း သဘောကျ အားပေးခဲ့ပါတယ်။

“Roy Leh Marnya” ဇာတ်ကားမှာတော့ Bella က လူရှုပ် လူ ပွေ ခင်ပွန်း သည်ကို သည်းခံ ပေါင်း သင်းနေရတဲ့ ဇနီး နေရာ က နေ ပါဝင်ထားပါတယ်။ခင်ပွန်းသည် ပြောင်းလဲ လာမယ့် နေ့ကို သည်းခံစောင့်ဆိုင်း ခဲ့ ပေမယ့် ထူးခြားမလာတဲ့ ခင်ပွန်းကို နောက်ဆုံး မှာ ကွာရှင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။Pope က တော့ ဒီကားထဲမှာတော့ Bella ရဲ့ ငယ်သူငယ်ချင်း ရှေ့ေ နရာ ကေ န ပါဝင်ထားပါတယ်။Bella ကွာရှင်းဖို့ ကို ဘေးက နေ ကူညီ ပေးရင်း ချစ်မိသွားခဲ့ပါတယ်။ ဒါပေမယ့် ပထမ အိမ် ထောင် ရေးမှာ အဆင် မ ပြေတဲ့ Bella နောက်ထပ် အချစ်ကို လက်ခံ ယုံကြည် လာအောင် Pope က ဘယ်လို ကြိုးစားသွား မလဲ.သူတို့ ချစ်ခရီး က ဖြောင့် ဖြူး ပါ့မလား ဆိုတာကို ဒီကားထဲမှာတွေ့ရမှာ ပါ။

#CELENOW