Kem Hussawee နဲ့ Mookda Narinrak တို့ရဲ့ ဒရမ်မာဇာတ်ကားသစ်ကို တော့ စတင် ရိုက်ကူး နေပါပြီ။Fan တွေ က တော့ သူတို့နှစ်ယောက်ရဲ့ ရိုက်ကွင်းကို food truck ပို့ ပေးခဲ့ပါတယ်။ပထမ ဇာတ်ကား အရမ်း အော င်မြင်ပြီး နောက်မှာပဲ နှစ်ယောက် တွဲ ပြီး “Koei Baan Rai Sapai Hi-So”  ဆိုတဲ့ ဒရမ်မာ ဇာတ်ကားသစ်ကို ထပ်မံ ရိုက်ကူးခွင့်ရခဲ့ ကြတာပါ။ရိုက်ကွင်းပေါ်က ပုံရိပ်တွေကို တော့ ဒါရိုက်တာ Puttipong Promasakha ရဲ့ အကောင့်မှာ ဝေမျှထားတာပါ။ဒီအကြောင်းကိုတော့ Thai Update မှာ ဖော်ပြထားတာပါ။

 

View this post on Instagram

 

A post shared by Chinnachod (Tum) (@chinnachod888)

ဒါရိုက်တာ Puttipong Promasakha တင်ထားတဲ့ ပုံတွေ ထဲမှာတော့ food truck နဲ့ အတူ တွဲ ရိုက်ထား တဲ့ ပုံ တွေ  ပါပါတယ်။ဘယ်အချိန် ကြည့်ကြည့် အမြဲ လိုက်ဖက်ပြီး ချစ်ဖို့ ကောင်းတဲ့ Kem Hussawee နဲ့ Mookda Narinrak တို့က တော့ ဒီပုံထဲမှာ လည်း အရမ်းကို Chemistry မိ နေ ကြပါတယ်။ ကားသစ်အတွက် ရိုက်ကူးရေးတွေ ကို တော့ စတင် နေပြီး Fan တွေ က တော့ အမြန်ဆုံး ကြည့်ခွင့်ရဖို့ မျှော်လင့် နေကြပါတယ်။ဒီဇာတ်ကားက တော့ “So Wayree” အပြီး သူတို့နှစ်ယောက် စုံတွဲ အဖြစ် ရိုက်ကူးတဲ့ ဒုတိယ မြောက် TV ဒရမ်မာ ဇာတ်ကားပါ။

 

View this post on Instagram

 

A post shared by Puttipong Promasakha (@petchtalent)

“So Wayree” မှာ အရမ်း အတွဲညီခဲ့ကြတဲ့ Kem Hussawee နဲ့ Mookda Narinrak တို့က တော့ ၂၀၂၀ ရဲ့ ရေပန်းအစားဆုံး ဒရမ်မာ စုံတွဲ တွေထဲက တစ်တွဲ ဖြစ်လာ ခဲ့ပါတယ်။“So Wayree” ကလည်း ၂၀၂၀ ရဲ့ ရေပန်းအစားဆုံး ဒရမ်မာ ဇာတ်ကားတစ်ကား အဖြစ် အသိအမှတ်ပြု ခံခဲ့ ရပါတယ်။ မကြာ သေးခင်က ကျင်းပတဲ့ ‘Zoom Dara Awards 2020’ ပွဲမှာ ဆိုရင် “So Wayree” ဇာတ်ကားက အကောင်းဆုံး ဒရမ်မာ ဇာတ်ကား အဖြစ် ဆုရခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Chinnachod (Tum) (@chinnachod888)

Maya Awards 2020 ပွဲ တုန်းက လည်း နှစ်ယောက်သား အတူ တက်ရောက်ခဲ့ကြပါတယ်။အဲ့ဒီဆု ပေးပွဲ မှာတော့ Mookda Narinrak က တော့ တက်သစ်စ မင်းသမီးဆု Rising Star Award ကို ရခဲ့ပါတယ်။ Kem Hussawee က တော့ Best Healthy Star ကို ထိုက်ထိုက် တန်တန် ဆွတ်ခူး ရရှိခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Ploy….🦄 (@p.ployroong)

#CELENOW