အခုနောက်ပိုင်းမှာတော့ တောင်ကိုရီးယားရုပ်ရှင် ဇာတ်ကားတွေသာမက ထိုင်း ဇာတ်ကားတွေကိုလည်း အာရှရုပ်ရှင် ချစ်ပရိသတ်တွေက လက်ခံအားပေး လာကြတာကို တွေ့ရပါတယ်။ထိုင်းအနုပညာရှင်တော်တော်များများကိုလည်း လက်ခံ အားပေးလာကြပါတယ်။ပရိသတ်တွေ အားပေးလက်ခံကြတဲ့ ထိုင်း အနုပညာရှင်တွေ အများကြီးထဲကမှ ချောမောတဲ့ ရုပ်ရည်ကြောင့် အမျိုးသမီး ပရိသတ်တွေ အကြိုက်တွေ့နေတဲ့ မင်းသားချော Puttichai Kasetsin အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

Puttichai Kasetsin ဟာ ထိုင်းသရုပ်ဆောင် မင်းသားတစ်ယောက် ဖြစ် သလို DJ နဲ့ TV host တစ်ယောက် ဆိုရင်လည်း မမှားပါဘူး။ထိုင်းရုပ်ရှင် ဇာတ်ကားတွေကို ချစ်တဲ့ ပရိသတ်တွေဆိုရင်တော့ ဒီမင်းသားကို သိကြမှာပါ။  Ugly Duckling: Perfect Match ၊I Wanna Be Sup’tar ၊ Hand some Cowboy အစရှိတဲ့ ဇာတ်ကားတွေနဲ့ နာမည်ကြီးခဲ့သူပါ။(၁၉၈၆)ခုနှစ်၊ ဇူလိုင် (၃)ရက်နေ့မှာ မွေးဖွားခဲ့သူဖြစ်ပြီး အသက်ကတော့ (၃၀)ပါ။

 ထိုင်းနိုင်ငံအလယ်ပိုင်း Ratchaburi ပြည်နယ်မှာ မွေးဖွားခဲ့ပြီး မွေးချင်း (၆)ယောက် ထဲကမှ (၄)ယောက်မြောက်သားပါ။သူ့ရဲ့ မိသားစုတွေကတော့ စိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်ကြသူတွေပါ။ငယ်ငယ်က ဖြစ်ချင်ခဲ့တာဟာ ဘောလုံးကစားသမားဆိုပေမယ့် တကယ်ဖြစ်လာခဲ့တာက သရုပ်ဆောင် မင်း သားပါ။Rajabhat Suan Dusit တက္ကသိုလ်ကနေ Communication Arts မေဂျာနဲ့ ဘွဲ့ရခဲ့သူပါ။DJ ဘ၀၊TV Host ဘ၀တို့မှာ ကျင်လည် ခဲ့ပြီးေ နာက် အနုပညာလောကထဲ ရောက်လာခဲ့သူပါ။အနုပညာဘ၀ ကတော့ Koo Rak Tang Kua ဇာတ်ကားထဲမှာ အခန်းငယ်လေးတွေနဲ့ပါဝင်ရင်း စခဲ့တာပါ။

အရန်ဇာတ်ပို့နေရာတွေကနေ သရုပ်ဆောင်လာရင် (၂၀၁၄)မှာတော့ Leh Nangfah ဆိုတဲ့ဒရမ်မာ ဇာတ်ကားမှာ ဇာတ်လိုက် မင်းသားနေရာကနေ ပါဝင်ခဲ့ပါတယ်။အခုဆိုရင်တော့ အောင်မြင်တဲ့ သရုပ်ဆောင် တစ်ယောက် အဖြစ် အနုပညာလောကမှာ ရပ်တည်နိုင်ခဲ့ပါပြီ။ဒါပေမယ့် မင်းသား (Push) ကတော့ DJ အလုပ်ဟာ သူအနှစ်သက်ဆုံး၊သူ့ရဲ့ နံပါတ်တစ် ဦးစားပေးနေ ရာမှာ ရှိနေတုန်းပဲ လို့ ဆိုပါတယ်။DJ Push လို့လည်း လူသိများသူ တစ်ယောက်ပါ။

 Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။