Puttichai Kasetsin (Push)နဲ့ Warattaya Nilakhuha တို့ကတော့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ဆယ်လီ စုံတွဲ  တစ်တွဲပါ။(၂၀၁၈)မှာ ရွှေလက်တွဲကြမယ့် စုံတွဲတွေထဲမှာ Dj Push နဲ့  Jooy Warattaya တို့လည်း ပါဝင် ပါတယ်။ (၂၀၁၈) နိုဝင်ဘာမှာ လက်ထပ်တော့မယ်လို့ သတင်းတွေထွက်နေပြီး Dj Push ကတော့ လက်ထပ်ပြီးတာနဲ့ တခါ တည်း ကလေးတန်းယူမယ် လို့ ပြောခဲ့ပါတယ်။

သူတို့စုံတွဲကတော့ ပြီးခဲ့တဲ့ ရက်တွေတုန်းက ကိုရီးယားကို ငါးရက်ကြာ အလည်အပတ်ခရီးသွားခဲ့ပါတယ်။IG မှာလည်း ခရီးသွားခဲ့တဲ့ ပုံလေးတွေကို ဝေမျှထားတာကို တွေ့ရပါတယ်။ပရိသတ်တွေ လည်း သိချင်နေကြတဲ့ မင်္ဂလာဆောင် မယ့် ရက်၊လက်ထပ်ပွဲကျင်းပမယ့် ရက် အကြောင်းကိုတော့ မကြာခင်မှာ သိရတော့မှာပါ။အားလုံးက သိချင်နေတဲ့ မင်္ဂလာ ရက်အကြောင်းကို ဧပြီ (၃၀)ရက်ကျရင် ထုတ်ပြောမယ်လို့ နှစ်ယောက်လုံးက အသိပေးခဲ့ပါတယ်။

ဧပြီ (၃၀) ကျရင်သူတို့စုံတွဲဟာ ပွဲတစ်ခုကို အတူတွဲတက်ရောက်ကြမှာ ဖြစ်ပြီး မင်္ဂလာ ရက် အကြောင်း၊မင်္ဂလာ ပွဲ အကြောင်းကို အဲ့ဒီပွဲကျရင် ထုတ်ပြောသွားမှာပါ။မင်္ဂလာပွဲနဲ့ပတ်သက်ပြီး Push က သူ့ရဲ့ ဇနီးလောင်း Warattaya Nilakhuha ကို ကူညီပေးတယ်လို့ သိရပါတယ်။သူတို့နှစ်ယောက်ဟာ TV drama Fun Fueng မှာ အတူတွဲ သရုပ်ဆောင်ရင်းဆုံခဲ့ကြတာပါ။တွဲလာတာကတော့ (၃)နှစ်လောက်ရှိပါပြီ။Push ကတော့ အသက် (၃၁) နှစ်ဖြစ်ပြီး Warattaya Nilakhuha က (၃၄)ဖြစ်တာကြောင့် “မ နဲ့ မောင် ” စုံတွဲလေးပါ။

from thainews