ထိုင်းမင်းသားချော Puttichai Kasetsin ကတော့ မိန်းကလေးပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားနေပါ တယ်။Sweet ဖြစ်တဲ့ မျက်နှာ၊ပါးချိုင့်လှလှလေးတွေကြောင့် ၀န်းရံတဲ့ မိန်းကလေးပရိသတ်တွေ အများကြီးပါ။မန္တလေးမှာ ကျင်းပတဲ့ ပွဲတစ်ခုကို Push တစ်ယောက် ရောက်လာခဲ့ပါတယ်။ဒီပွဲကိုတော့ Push ကို ချစ်တဲ့ မိန်း ကလေးပရိသတ်တွေ သွားရောက်ခဲ့တာကိုတွေ့ရပါတယ်။

မြန်မာပရိသတ်တွေနဲ့ တရင်းတနှီးဖော်ဖော်ရွေရွေ နှုတ်ဆက်ခဲ့ပါတယ်။သူ့ကို အရင်က မကြိုက်တဲ့ ပရိသတ်တွေတောင်မှ Push ရဲ့ ဖော်ရွေသဘောကောင်းမှုကြောင့် သူ့ကို နှစ်သက်သဘောကျသွားခဲ့တာကို တွေ့ရပါတယ်။ပရိသတ်ကြီး အတွက် Push က သူ့ရဲ့ IG မှာ အမှတ်တရစကားလေးတင်ထားပါတယ်။

” ငါသည်သင်တို့ကိုချစ် ❤️🤟🏻 #mandalay #myanmar….  

ဆိုပြီး တင်ထားပါတယ်။ စာစကားဆန်နေပေမယ့် အဓိက သူပြောချင်တာက ပရိသတ်တွေကို ချစ်တယ်လို့ ဆိုလို ချင်ပုံ ရပါတယ်။

Dj Push မှာတော့ ချစ်သူရှိပါတယ်။သူ့ရဲ့ ချစ်သူကတော့ Jooy Warattaya ပါ။သူတို့နှစ်ဦးဟာ (၂၀၁၈) ထဲမှာ လက်ထပ်တော့မယ်လို့ သတင်းတွေ ထွက်နေပါတယ်။ Push ကတော့ လက်ထပ်ပြီးတာနဲ့ တခါတည်း ကလေး တန်းယူမယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေခဲ့ဖူးပါတယ်။

from Push ‘s IG