ထိုင်းမင်းသားချော Pope Thanawat ကတော့ လက်တလောမှာ အရမ်းကို နာမည်ကြီးနေပါတယ်။ အသက်(၃၆)နှစ်မှာ တကျော့ ပြန်လည် အောင်ပွဲခံနေပါတယ်။ သူ့ရဲ့ TV ဒရမ်မာ Buppae Sunniwas ကြောင့် ပရိသတ်တွေ ရဲ့ အားပေးမှုကို အပြည့်အ၀ရထားပြီး ထိုင်းမှာတင်မဟုတ်ပဲ အာရှနိုင်ငံတွေက ပရိသတ်တွေကပါ အရမ်းကို နာမည်ကြီးနေပါတယ်။ဒရမ် မာ ကားနာမည်ကြီးနေသလို သူကိုယ်တိုင်လည်း တစ်နေ့ထက်တစ်နေ့ ပိုလူသိများလာပြီး အောင်မြင်နေပါတယ်။

တစ်ဖက်မှာ အရမ်းနာမည်ကြီးအောင်မြင်လာခဲ့သလို  တစ်ဖက်မှာလည်း သူနဲ့ပတ်သက်တဲ့ မကောင်းသတင်းတွေ ထွက်ေ နပါတယ်။သူနဲ့ပတ်သက်တဲ့ သတင်းတွေ ထိုင်းမီဒီယာတွေပေါ်မှာ နေရာယူနေပါတယ်။ နာမည်ကြီးဝက်ဘ်ဆိုက် တစ်ခုကနေ မိန်းမလှလေးတွေ အများကြီးဆီကို မက်ဆေ့ခ်ျတွေ ပို့ခဲ့ဖူးတယ်ဆိုပြီး ဖော်ပြခဲ့တာပါ။အဲ့ဒီဝက်ဘ် ဆိုက်ကနေ မိန်းကလေးတွေနဲ့ သူနဲ့ Chat ထားတဲ့ စာတွေကို ဖော်ပြခဲ့တာပါ။တစ်ချို့တွေမှာဆိုရင် သူ့ရဲ့ အိပ်ယာပေါ်က ပုံတွေကိုပါ ဖော်ပြ ခဲ့ပါတယ်။

ဒီလိုသတင်းတွေနဲ့ပတ်သက်ပြီး Pope Thanawat က ပရိသတ်တွေကို ပြန်ရှင်းခဲ့ပါတယ်။သူကိုယ်တိုင်ကလည်း သာမန် လူသားတစ်ယောက်ပဲမို့ မိန်းကလေးတွေ အများကြီးနဲ့ စကားပြောခဲ့ဖူးကြောင်း၊ဒါပေမယ့် အခုထိ သူ့အတွက် Right Person ကို ရှာမတွေ့သေးကြောင်း၊သူမက ဘယ်သူလဲဆိုတာ မသိသလို၊သူမ ဘာလိုချင်တယ်ဆိုတာကိုလည်း မသိကြောင်း၊ဒါနဲ့ပတ်သက်ပြီး သတိမရတော့ဘူးလို့ ဆိုပါတယ်။”ရည်းစားတွေ အများကြီးထားခဲ့ဖူးပါတယ်..Fan တွေ အတွက် ကျတော်ကပြီးပြည့်စုံတဲ့ သူတစ်ယောက်မဟုတ်တဲ့ အတွက် အရမ်းပဲ စိတ်မကောင်း ဖြစ်မိပါတယ်..” လို့ ပြော ခဲ့ပါတယ်။

Source thainews