Pope Tanawat Wattanaputi ကတော့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီးမင်းသားတစ်ယောက်ပါ။ (၁၉၈၂)ခုနှစ်မှာ မွေးဖွားသူဖြစ်တာကြောင့် သူ့ရဲ့ အသက်ကတော့ (၃၆)နှစ်ပါ။လက်တလောမှာတော့ သူ့ရဲ့ TV ဒရမ်မာ Buppae Sunniwas ကြောင့် ပရိသတ်တွေ ရဲ့ အားပေးမှုကိုရထားပြီး  အရမ်းကို နာမည်ကြီးနေပါတယ်။

Pope Tanawat တစ်ယောက် လက်တလောမှာ အရမ်းကို ရေပန်းစားနာမည်ကြီး နေတဲ့ အတွက် သူ့ကို ဟိုပွဲက ဖိတ်ချင်၊ဒီပွဲက ဖိတ်ချင်ဖြစ်နေပါတယ်။ပွဲတစ်ပွဲကို နာရီဝက်လောက် တက်ရောက်ပေး ရုံနဲ့ ထိုင်းဘတ်ငွေ (2,500,000) ရနေတယ်လို့ သိရပါတယ်ဒီသတင်းနဲ့ပတ်သက်ပြီး Pope ကို မေးတဲ့ အခါမှာတော့…

သူရတဲ့ fees ကိုတော့ မပြောချင်ဘူးလို့ ပြန်ဖြေခဲ့ပါတယ်။ဒါပေမယ့် သူ့ရဲ့ အလုပ်တိုင်းကိုတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး လုပ်တယ်လို့ ဆိုပါတယ်။အရင်တုန်းက ကြော်ငြာ ကမ်းလှမ်းတာမျိုး အများကြီးမရှိခဲ့ပေမယ့် မကြာသေးမီအချိန်ကစပြီး သူ့ကို ပွဲတွေအများကြီး ကမ်းလှမ်း လာ တယ်လို့ ပြောပါတယ်။ဒါပေမယ့်ပွဲတိုင်းကို တက်ရောက်ပေးတာမျိုး မလုပ်ပဲ ငါးပွဲလောက် ဖိတ်ရင် အဲ့အထဲကမှ တစ်ပွဲ၊နှစ်ပွဲလောက်ကိုပဲ ရွေးပြီး တက်တယ်လို့ ပြောခဲ့ပါတယ်။

source thainews