ထိုင်းမင်းသမီးချောလေး Margie Rasri နဲ့သူမရဲ့ချစ်သူ Pok Passakorn တို့က ဘန်ကောက်မြို့ angkok Convention Centre မှာ စေ့စပ်ပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီပွဲကိုတော့ အနုပညာ အသိုင်း အ၀ိုင်းမှာ သူမရဲ့ မိတ်ဆွေသူငယ်ချင်းတွေ အများကြီး တက်ရောက်ခဲ့ကြပါတယ်။

ထိုင်းမင်းသမီးချောတွေဖြစ်တဲ့  Yaya Urassaya ၊ Kimmy Kimberley တို့ အပါအ၀င် တခြား နာမည်ကြီးမင်းသမီးတွေနဲ့ ဆယ်လီတွေလည်း တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။Margie ဟာ ဒီပွဲမတိုင်ခင်တုန်းက သတို့သမီးကြိုဆိုတဲ့ bridal shower ပွဲလေးကျင်းပခဲ့ပါသေးတယ်။

Margie ရဲ့ချစ်သူ Pok ရဲ့အဖေဟာ အရမ်းကို ချမ်းသာတဲ့ မီလီယံနာတစ်ယောက်ပါ။ဟိုတယ် လုပ်ငန်းပိုင်ရှင်တစ်ယောက်လို့ သိရပါတယ်။Margie ရဲ့ Instagram အကောင့်မှာတော့ မင်္ဂလာ ဖိတ်စာပုံ ဗီဒီယိုလေးကို ရှယ်ထားပါတယ်။
from dara news

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။