Mik Thongraya က တော့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး မင်းသား မော်ဒယ် တစ်ယောက်ပါ။၁၉၉၂ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့မှာ မွေးဖွားခဲ့တာပါ။အသက်က တော့ ၂၈ နှစ်ပါ။ Mik Thongraya က တော့ ဒိန်းမတ်-ထိုင်း ကပြား မင်းသား ဖြစ်ပြီး Ramkhamhaeng University က နေ ဘွဲ့ ရခဲ့တာပါ။ လက်ရှိမှာတော့ ထိုင်း Channel 7 နဲ့ စာချုပ်ချုပ်ပြီး ဇာတ်ကားတွေ ရိုက်ကူးနေပါတယ်။ Mik Thongraya  က တော့ အင်တာဗျူး တစ်ခုမှာ ဒိတ်လုပ်တဲ့ အကြောင်းကို ထုတ်ပြောခဲ့ပါတယ်။ဒီအ ကြောင်းကိုတော့ Thai Update မှာ ဖော်ပြထားတာပါ။

Mik Thongraya ရဲ့ ချစ်သူ က တော့ မင်းသမီးချော လေး Bow Maylada  ပါ။အသက် ၂၄ နှစ် အရွယ် အဆိုတော် မင်းသမီးချော Bow Maylada   က တော့ လက်ရှိမှာ Channel 3 နဲ့ လက်တွဲ ပြီး ဇာတ်ကားတွေ ရိုက်ကူးနေပါတယ်။အရင်က တော့ CH 7 က ဖြစ်ပြီး နောက်ပိုင်းကျမှ 3 ကို ရောက်လာ တာပါ။နှစ်ယောက်လုံးက အနုပညာအလုပ်တွေ အရမ်းများတဲ့ သူတွေ ဖြစ်တာ ရယ်၊အရင်က တော့ Channel တူ တော့ တွေ့ဖြစ် ဆုံ ဖြစ်ဖို့ လွယ်ပေမယ့် အခုက တော့ မတူ တော့ တာ ကြောင့် တွေ့ ဖြစ်တာ အရင် ထက် သိသိသာသာ နည်းသွားခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by THAISUPERMODEL 2013 (@bow_maylada)

ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက Ayutthaya မှာ ချစ်သူ Bow Maylada နဲ့ ဒိတ်လုပ် ဖြစ်ခဲ့ပါတယ်။ဒိတ်လုပ်တဲ့ နေ့က မနက်ပိုင်း အလုပ် တွေ ပြီးသွားတာနဲ့ Bow Maylada ဆီကို ပြေးသွားခဲ့တာပါ။ Bow Maylada ရော နေ့လယ် အားလား ဆိုပြီး အားတယ် လို့ ပြော တာနဲ့ အတူတူ တွေ့ကြဖို့ ပြေးလာခဲ့တာပါ။ အလုပ် တွေ များတာကြောင့် ချစ်သူ နဲ့ မတွေ့ရတာ လည်း ကြာ နေလို့ ချိန်းပြီး တွေ့ ဖြစ်တာ ပါလို့ Mik က ပြောပါတယ်။ Bow Maylada နဲ့ သူနဲ့က ချစ်သူတွေ ဖြစ်ပြီး နောက်ပိုင်းမှာ လည်း ပျော်စရာ အချိန် လေး တွေကို အတူတူ ဖြတ်သန်း လေ့ရှိ ကြောင်းနဲ့ အခြေအ နေ ပေါ် မူတည်ပြီး တခါ တလေ ကျ ရင် ရိုမန်တစ် ဆန်ဆန် နေ ဖြစ်တယ်လို့ လည်း Mik က ပြောခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by THAISUPERMODEL 2013 (@bow_maylada)

 

View this post on Instagram

 

A post shared by P’Poo Mik (@poo_mik)

>နိုဝင်ဘာ ၂၈ ရက်နေ့ Mik Thongraya ရဲ့ မွေးနေ့မှာ ဆိုရင်လည်း Bow Maylada က သူတို့နှစ်ယောက် အတူ ပွဲတက်တုန်းက ပုံကို တင်ပြီး ချစ်သူ အတွက် မွေးနေ့ ဆုတောင်း ပေးခဲ့ပါတယ်။သူဂရုစိုက်တဲ့ တစ်ယောက် သောသူ ဒီနေ့မှာ မွေးတယ်.. ဆိုပြီး တော့ တင်ထားပါတယ်။

 

View this post on Instagram

 

A post shared by THAISUPERMODEL 2013 (@bow_maylada)

 

View this post on Instagram

 

A post shared by Mik & Bow (@mikbow_story)

#CELENOW