ထိုင်းနိုင်ငံမှာတင်မဟုတ်ပဲ အာရှနိုင်ငံတွေမှာပါ ပရိသတ်အားပေးမှု အပြည့်အ၀ရထားတဲ့ မင်းသားတွေထဲမှာ Mark Prin ကလည်း တစ်ယောက်အပါအ၀င်ပါ။နာမည်ရင်းကတော့ Prin Suparat ဖြစ်ပြီး မင်းသား မော်ဒယ် တစ်ေ ယာက်ပါ။Mario Maurer, Nadech Kugimiya, Pakorn Chatborirak နဲ့ Phupoom Pongpanu တို့ ပါဝင်တဲ့  4+1 Channel 3 Superstar အဖွဲ့ဝင်တစ်ယောက်ပါ။

ချစ်သူရှိပါတယ်။ သူ့ရဲ့ ချစ်သူကတော့ Kimmy Kimberley  ပါ။ သူ့ချစ်သူလည်း ထိုင်း-ဂျာမနီ ကပြားမလေး ဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ နာမည်ကြီးမင်းသမီးတစ်ယောက်ပါပဲ။ Mark Prin နဲ့ Kimmy Kimberley တို့ဟာ တွဲလာတဲ့ ချစ်သူ သက်တမ်း (၄)နှစ်ကျော်ပါပြီ။ ပရိသတ်တွေကို တွဲနေကြောင်း official ထုတ်ပြောတဲ့ ဆယ်လီစုံတွဲပါ။ တွဲလာတာလည်း (၄)နှစ်ကျော်ပြီဆိုတော့ “ဘယ်တော့လက်ထပ်ကြမှာလဲ..” ဆိုတဲ့ မေးခွန်းတွေကို မကြာခဏ အမေးခံရပါတယ်။ လက်ထပ်ဖို့အစီအစဉ်နဲ့ပတ်သက်ပြီး မေးလာတဲ့ အင်တာဗျူးတစ်ခုကို Mark Prin က အခုလို ဖြေခဲ့ပါတယ်။

“လက်ရှိမှာတော့ ကျတော် အလုပ်လုပ်နေတယ်။ငွေစုနေပါတယ်။လက်ထပ်ဖို့ ကိစ္စကိုတော့ တစ်ခါတလေ သူမနဲ့ ပြော ဖြစ်ပါတယ်။ကျတော့်အသက်ကလည်း (၃၀) ပြည့်တော့မှာဆိုတော့လေ..ကျတော်တို့ရဲ့ အနာဂါတ်အကြောင်း မကြာ ခဏ ပြောဖြစ်ပါတယ်…ကျတော်တို့နှစ်ယောက်လုံးရဲ့ မိသားစုတွေဘက်ကလည်း OK ပါတယ်..မကြာခဏ လည်း ထမင်းအတူစားဖြစ်ပါတယ်.ကျတော့်အသက် (၃၀)ကျော်မှ လက်ထပ်မှာပါ.ကျေးဇူးပြုပြီး စောင့်ကြည့်ပေးပါဦး.. သတို့သမီးကို ဘယ်လို တင်တောင်းမလဲဆိုတာကတော့ ..ကျတော်တို့ မဆွေးနွေးရသေးပါဘူး..” လို့ Mark Prin  ကပြောခဲ့ပါတယ်။Mark Prin   ရဲ့ အသက်က လောလောဆယ် (၂၇)ဆိုတော့ လက်ထပ်ဖို့က လိုသေးပုံရပါတယ်။

သူတို့စုံတွဲဟာ ဖေဖော်ဝါရီ (၁၄)ရက် ချစ်သူများနေ့တုန်းက တစ်ယောက်နဲ့တစ်ယောက် ပန်းစည်းလက်ဆောင် ပေးခဲ့သလို အရသာရှိတဲ့ ညစာကိုလည်း အတူသုံးဆောင်ခဲ့ကြပါတယ်။ Kimmy Kimberley ရဲ့ IG Stories မှာ တစ်စုံတစ်ယောက်ကို ပေါက်ကွဲနေတဲ့ စကားတွေကြောင့် သူတို့နှစ်ယောက်လမ်းခွဲလိုက်ပြီလား ဆိုတဲ့ သတင်းတွေ ထွက် ခဲ့ဖူးေ ပမယ့် Mark Prin က ဒီသတင်းတွေကို ငြင်းလိုက်ပြီး “ကျတော်တို့ အဆင်ပြေပါတယ်။ အခုထိ တွဲနေတုန်းပါ.” လို့ ပြန်တုံ့ပြန်ခဲ့တာကို တွေ့ရပါတယ်။

Source: Siamdara