James Ma က တော့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး မင်းသားတစ်ယောက်ပါ။ထိုင်း-ဟောင်ကောင် ကပြား မင်းသား မော်ဒယ် ဖြစ်ပြီး အသက်က တော့ ၂၇ နှစ် ရှိနေပါပြီ။လက်ရှိက တော့ ထိုင်း Channel 3 နဲ့ လက်တွဲ အလုပ်လုပ် နေပါတယ်။အချစ်ရေးနဲ့ ပတ်သက်လာရင် တော့ James Ma က သူဟာ Single တစ်ယောက်ပါလို့ အရင်တုန်းက အင်တာဗျူးတွေ မှာ ထုတ် ပြောခဲ့ဖူးပါတယ်။ဒါပေမယ့် မကြာသေးခင်တုန်းက သူ့ရဲ့ Instagram မှာ Post တစ်ခု တင်ခဲ့ပါတယ်။သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေ က တော့ James Ma ရဲ့ အချစ်ရေး ထူးခြားနေပြီလား ဆိုပြီး ၀ိုင်း ပြီး စ နောက်ခဲ့ ကြပါတယ်။ဒီအ ကြောင်းကိုတော့ Thai Update မှာ ဖော်ပြထားတာပါ။

 

View this post on Instagram

 

A post shared by James Ma (@james_jamesma)

James Ma တင်ထားတဲ့ ပုံက တော့ နေ၀င်ချိန် ဆည်းဆာ အလှကို နောက်ခံထားပြီး Dinner စားနေတဲ့ ပုံပါ။ပတ်ဝန်းကျင်က အရမ်းကို ရိုမန် တစ် ဆန် လွန်း နေပါတယ်။ James Ma က တော့ Caption မှာ..”နေ၀င်ချိန်လေး.ချစ်စရာ ကောင်းတဲ့ Dinner အတွက် ကျေးဇူး တင်ပါတယ်..” ဆိုပြီး ရေးထားပါတယ်။အဲ့ဒီမှာပဲ Mark Prin က သူ့ရဲ့ ပုံအောက်မှာ ..”ကောင်မလေး နဲ့ သွားတာ မို့လား..” ဆိုပြီး Comment ၀င် ရေးခဲ့ပါတယ်။ဒါ့အပြင် Mint Chalida က တော့ “ဘယ်သူနဲ့ အတူသွားတာလဲ..” ဆိုပြီး Comment ၀င် ရေးခဲ့ပါတယ်။ James Ma က တော့ မိသားစု နဲ့ အတူသွားတာပါ လို့ ပြော ခဲ့ပါတယ်။ဒီလို ရိုမန်တစ် ဆန်ဆန် နေရာကို တကယ်ပဲ မိသားစုနဲ့ သွားတာ ဟုတ် မဟုတ် ကို တော့ ပရိသတ်တွေ က အရမ်းကို စိတ်ဝင်စားနေကြပါတယ်။

 

View this post on Instagram

 

A post shared by James Ma (@james_jamesma)

James Ma က တော့ အရင်တုန်းက Prim Prima ၊ Diana Flipo တို့နဲ့ Dating သတင်း ထွက်ခဲ့ဖူးပါတယ်။ Prim Prima နဲ့ သတင်း ထွက် တော့ သူတို့ နှစ်ယောက်က အနုပညာမောင်နှမ တွေ ပါလို့ ပြောခဲ့ပါတယ်။Channel နဲ့ ပတ်သက်တဲ့ ပွဲတွေ မှာ အမြဲ ဆုံလေ့ရှိပြီး၊ဇာတ်ကား အတူ တွဲ ရိုက်ပြီး တော့ ရင်းနှီး သွား ခဲ့ ကြောင်း၊ပရိသတ်တွေက ၀ိုင်း Ship ကြလို့ ဒီလို သတင်း ထွက်လာတာပါ လို့ ပြောခဲ့ပါတယ်။ Diana Flipo နဲ့ က တော့ သူငယ်ချင်းတွေ ပါလို့ ပြော ခဲ့ပါတယ်။ James Ma က တော့ လက်ရှိမှာ သူ့ အလုပ်ကိုပဲ အာရုံစိုက်ထားတယ်လို့ အရင်တုန်းက တော့ အင်တာဗျူး တစ်ခုမှာ ဖြေခဲ့ဖူးပါတယ်။

 

View this post on Instagram

 

A post shared by James Ma (@james_jamesma)

ဇာတ်ကားသစ် အနေနဲ့က တော့ Mew နဲ့ Duang Tah Tee Sarm (2020) ဆိုတဲ့ ဇာတ်ကားနဲ့ Song Sanaeha (2021) ဆိုတဲ့ ဇာတ်ကားထွက်ဖို့ရှိပါတယ်။ Song Sanaeha မှာ တော့ မင်းသမီးက Kimberley Anne ပါ။သူတို့ နှစ်ယောက်က တော့ အရင်တုန်းကလည်း Piang Chai Khon Nee Mai Chai Poo Wised (2016) ဆိုတဲ့ ဇာတ်ကားမှာ အတူတူ သရုပ်ဆောင်ခဲ့ဖူးပါတယ်။

 

View this post on Instagram

 

A post shared by James Ma (@james_jamesma)

#CELENOW