ဒီဇင်ဘာလ(၄)ရက်နေ့ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်း ထိုင်းမင်းသားချော Mario Maurer ရဲ့ မွေးနေ့လေးပါ။ ၁၉၈၈ ခုနှစ်မှာ မွေးဖွားခဲ့သူဖြစ်တာကြောင့် သူ့ရဲ့ အသက်ကတော့ ဒီနှစ်မှာ (၂၉)နှစ်ပြည့်သွားခဲ့တာပါ။ Mario ဟာ ထိုင်းနိုင်ငံမှာတင်မဟုတ်ဘဲ အာရှနိုင်ငံတွေမှာပါ နာမည်ကြီးတဲ့ မင်းသားတစ်လက်ပါ။

Mario Maurerဟာ သူ့အသက် (၁၆)နှစ်တည်းက မော်ဒယ်ဘ၀နဲ့ အနုပညာလောကထဲကို ရောက်လာခဲ့သူပါ။(၂၀၀၇)မှာတော့ “The love of Siam” ရုပ်ရှင်ကို ရိုက်ကူးခဲ့ပါတယ်။ (၂၀၁၀)မှာတော့ First Love ဇာတ်ကားနဲ့ အရမ်းကို နာမည်ကြီးခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ ၀င်ငွေအကောင်းဆုံးဇာတ်ကားတစ်ကားဖြစ်တဲ့ Pee Mak မှာလည်း Mario က ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားတာပါ။ ဒီကားကလည်း သူ့အတွက်အောင်မြင်မှုမှတ်တိုင် စိုက်ထူ နိုင်ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။

 

သူရခဲ့တဲ့ဆုတွေကတော့ အများကြီးပါ။ သူနောက်ဆုံးရယူထားတဲ့ ဆုကတော့ (2017) 12th Asia Model Awards မှာ Asia Special Award – Model ဆုပါ။

 

from wiki

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။