ထိုင်းမင်းသားချော Mario Maurer နဲ့ မင်းသမီး Kimmy Kimberley တို့ အတူတွဲပြီး ဇာတ်ကားသစ် ရိုက်ကူး နေပါတယ်။Kimmy-Kimberley ရဲ့ Official Fan Page မှာတော့ နှစ်ယောက်သားအတူတွဲပြီး ဇာတ်ကား ရိုက်နေတဲ့ ရိုက်ကွင်းပုံရိပ်တွေကို တင်ထားပါတယ်။

သူတို့နှစ်ယောက် ပါဝင်ရိုက်ကူးနေတဲ့ ကားသစ်ရဲ့ နာမည်ကတော့ Thong Aek Mor Yah Tah Chalong  ပါ။ ထုတ် လုပ်သူ ပရိုဂျူဆာတွေကတော့ Kong Piya နဲ့ Chu Chudapa ပါ။ Tai Ko ဘုရားကျောင်း မှာ ရိုက်ကူးရေးတွေ လုပ်နေကြတာပါ။

ဒီကားကတော့ Mario  နဲ့ Kimmy Kimberley တို့ နှစ်ယောက် စုံတွဲအဖြစ် ရိုက်ကူးတဲ့ ပထမဆုံး TV ဒရမ်မာ ဇာတ်ကားပါ။သူတို့နှစ်ယောက်အပြင် Pat Napapa, Ratklao Amaradit, Froy Natth apong နဲ့ တခြားသရုပ်ဆောင်တွေလည်း ပါဝင်သရုပ်ဆောင်ကြမှာပါ။

Mario Maurer ကတော့ မိန်းကလေးပရိသတ်တွေရဲ့ သဲသဲလှုပ်ဝန်းရံခံထားရတဲ့ ထိုင်းမင်းသားပါ။သူ့ရဲ့ ဇာတ်ကား တိုင်းလိုလိုဟာ အောင်မြင်မှုမှတ်တိုင်စိုက်ထူနိုင်ခဲ့ပြီး ပရိသတ်အကြိုက်တွေ့စေတဲ့ ဇာတ်ကားတွေ ချည်းပါ။

အဲ့ဒီလိုပဲ Kimmy Kimberley ကလည်း ထိုင်းနိုင်ငံရဲ့ ထိပ်တန်းအချောအလှမင်းသမီးတွေထဲက တစ်ယောက်ပါ။ Mark Prin  ရဲ့ချစ်သူပါ။

from thainews