Liu Yifei က တော့ မြန်မာ ပရိသတ်တွေ နဲ့ လည်း ရင်းနှီးပြီးသား ဖြစ်တဲ့ တရုတ်မင်းသမီးတစ်ယောက်ပါ။ရုပ်သံ က နေ တရုတ် သိုင်း ကား ဇာတ်လမ်းတွဲတွေကို ပြသတဲ့ အချိန်က စပြီး ပရိသတ်တွေကြားမှာ ဂူဂူး ဆိုပြီး နာမည်ကြီး လာခဲ့တာပါ။ Liu Yifei က တော့ အခုဆိုရင် အသက် ၃၃ နှစ်ရှိနေပါပြီ။၂၀၂၀ ထဲမှာတော့ သူမရဲ့ Mulan ဆိုတဲ့ ဇာတ်ကား ထွက်ထားပါတယ်။မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့ နိုင်ငံ အနှံ့ အပြားမှာ ရုံတင် ပြဖို့ စီစဉ်ခဲ့ပေမယ့် ကိုဗစ် ကပ် ရောဂါ ကြောင့် ရုံတင်ရက်က အကြိမ်ကြိမ် ရွှေ့ ဆိုင်း ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ Disney ရဲ့ streaming service အသစ် ဖြစ် တဲ့ Disney+ က နေ စက်တင်ဘာ (၄) ရက်နေ့က ပြသခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Liu Yifei (@yifei_cc)

 

View this post on Instagram

 

A post shared by Liu Yifei (@yifei_cc)

Mulan က တော့2020 People’s Choice Awards မှာ The Action Movie of 2020 ဆုကို ရခဲ့ပါတယ် ။Mulan ဇာတ်ကားရဲ့ အောင်မြင် မှု အတွက် Liu Yifei က သူမရဲ့ Instagram မှာ ဂုဏ်ယူမိကြောင်းနဲ့ အားပေးတဲ့ ပရိသတ်တွေ ကို ကျေးဇူး တင် ကြောင်း Post တင်ခဲ့ပါတယ်။”Mulan အဖွဲ့ အတွက် ဂုဏ်ယူ တယ်၊ကျွန်မတို့ ဇာတ်ကားကို အားပေးတဲ့ Fan တွေ အားလုံးကို ကျေးဇူး တင်တယ်..” ဆိုပြီး Post တင်ထားပါတ ယ်။နိုဝင်ဘာ ၁၈ ရက်နေ့ တုန်းကလည်း သူမရဲ့ Instagram မှာ မူလန်ဝတ်စုံ သေးသေးလေးနဲ့ တွဲ ရိုက်ထား တဲ့ ပုံကို တင်ပြီး “ချစ်ဖို့ ကောင်းတယ်။ကျွန်မ ၀တ်စုံကို ပြန်လိုချင်တယ်..” ဆိုပြီး Post တင်ခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Liu Yifei (@yifei_cc)

Mulan က တော့ ၂၀၂၀ မှာ ထွက်ရှိခဲ့တဲ့ အ မေရိကန် အက်ရှင် ရုပ်ရှင်ကားပါ။ Walt Disney Pictures က နေ Produce လုပ် တာ ဖြစ်ပြီး အရင် နာမည်ကြီးပြီးသား Disney ရဲ့ 1998 Mulan Animation ဇာတ်ကားကို live-action အဖြစ် နဲ့ ပြန် လည် ပုံ ဖော် ထားတာပါ။ Yifei Liu က တော့ မူလန် နေရာ က နေ ပါဝင် ထားပါတယ်။ဒီကားမှာတော့ တခြား နာမည်ကြီးတွေ ဖြစ်တဲ့ Donnie Yen, Tzi Ma, Jason Scott Lee, Yoson An, Ron Yuan, Gong Li, Jet Li တို့ လည်း ပါဝင်ထားပါတယ်။အမျိုးသမီး သူရဲ ကောင်းမလေး မူ လန် ဇာတ်ကား ကိုတော့  နယူးဇီလန် အမျိုးသမီး ဒါရိုက်တာ Niki Caro က ရိုက်ကူး ခဲ့တာပါ။

 

View this post on Instagram

 

A post shared by @nikicaro

 

View this post on Instagram

 

A post shared by Liu Yifei (@yifei_cc)

#CELENOW(ref;wiki  & IG/Liu Yifei)