၂၀၂၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Mulan ရုပ်ရှင်အတွက် Liu Yifei ဟာ ပြိုင်ပွဲဝင်ပေါင်း ၁ထောင်ခန့်ကို အသာရပြီးမှ သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အမေရိကန်ဒေါ်လာ သန်း၂၀၀ သုံးစွဲထားတဲ့ Mulan ရုပ်ရှင်အပေါ် အားလုံးက မျှော်လင့်ချက်ကြီးခဲ့ကြပေမယ့် ထင်သလောက်မဖြစ်လာခဲ့ဘူးလို့ ပရိသတ်တွေက ဆိုပါတယ်။ နောက်ဆုံးထွက်တဲ့ Mulan ထဲမှာတော့ Gong Li, Donnie Yen တို့လည်း ပါဝင်သရုပ်ဆောင်ခဲ့တာပါ။ Liu Yifei ကိုလည်း Mulan နေရာက သရုပ်ဆောင်တဲ့နေရာမှာ ပုံသေကြီး အသက်မပါဘူးဆိုပြီး ပရိသတ်တွေက ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။ အောက်ဘက်မှာတော့ Mulan အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ မင်းသမီးတွေကို scmp ကနေဖော်ပြပေးလိုက်ပါတယ်။

Vicky Zhao Wei in Mulan (2009)

၂၀၀၉ခုနှစ်မှာထွက်ရှိခဲ့တဲ့ Mulan ဇာတ်ကားထဲမှာတော့ Vicky Zhao က Mulan အဖြစ်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Zhao ဟာ Liu လိုမိသားစုနဲ့ နိုင်ငံအတွက် တိုက်ခိုက်ခဲ့တာမဟုတ်ဘဲ သူချစ်တဲ့ယောက်ျားအတွက်တိုက်ခိုက်ခဲ့တာပါ။ Mulan ရဲ့ စိတ်ခံစားချက်ကို ပေါ်လွင်အောင်သရုပ်ဆောင်နိုင်တယ်ဆိုပြီး Zhao ဟာ အမေရိကန်ရွှေကမ္ဘာလုံးဆုနဲ့တူနဲ့ တရုတ်ရဲ့ The Hundred Flowers Awards ဆုကိုရရှိခဲ့ပါတယ်။

Anita Yuen in Hua Mulan (1999)

ဒီဇာတ်လမ်းတွဲကတော့ ထိုင်ဝမ်က ရိုက်ကူးတဲ့အပိုင်းဆက်ဇာတ်လမ်းတွဲစီးရီးပါ။ Anita Yuen ကလည်း ဒီဇာတ်ကားထဲမှာ မာကြောတဲ့စစ်သည်တော်စိတ်ဓာတ်တင်မကဘဲ ပျော့ပြောင်းတဲ့မိန်းမဆန်တဲ့သဘောကိုပါ သရုပ်ဆောင်ထားတဲ့အတွက် တရုတ်ပရိသတ်တွေကနှစ်သက်ကြပါတယ်။

Mariane Chan in A Tough Side of a Lady (1998)

ဒါကတော့ အပိုင်း ၂၀ ပါတဲ့ TVB ဇာတ်လမ်းတွဲစီးရီးဖြစ်ပါတယ်။ ဟာသဆန်ဆန်ရိုက်ကူးထားတာပါ။  Chan ဟာ Mulan ရဲ့ဇာတ်ကောင်စရိုက်ဖြစ်တဲ့ ပွင့်လင်းခြင်း၊ ရဲရင့်ခြင်း၊  ကြင်နာခြင်း၊ ပျော်ရွှင်တတ်ခြင်းစတဲ့ စရိုက်တွေကို ပေါ်လွင်အောင်သရုပ်ဆောင်နိုင်ခဲ့ပါတယ်။

Elanne Kong in Mu Lan (2013)

Kong ရဲ့ Mulan ကတော့ အပိုင်း၄၀ပါတဲ့ တရုတ်တီဗီစီးရီးဖြစ်ပါတယ်။ Kong ဟာ Mulan ကို အပြစ်ကင်းတဲ့မိန်းကလေးတစ်ယောက်အဖြစ်ကနေ ယောက်ျားဆန်တဲ့သူရဲကောင်းမတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့တဲ့အကြောင်းကို သေချာပုံဖော်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Cynthia Khan in Mulan (1996)

View this post on Instagram

양자경, 신시아 로스록, 이새봉, 호혜중, 오시마 유카리, 니시와키 미치코 등 당대 홍콩 여성액숀서타들의 영화를 많이 본 건 아니어도 대체적으로 좋아하는 편인데 그 중에서도 양리칭을 가장 좋아한다. 액션 실력, 자세 이런걸 떠나서(물론 나쁘지 않지만..!)강인하면서도 부드러운 인상이 액션영화랑 잘 어울리는 것 같아소😭😭(실은 어떤 영화를 찍었어도 미모 폭발햇슬듯 ㅜㅜㅜㅋㅋ) 아쉬운 건 필모 수도 아주 적지 않은 편인데 임팩트가 엄청 큰 영화가 생각보다 많지 않은 것 같다는 거,,,😢그래도 언니 사랑해요😭 #양리칭 #cynthiakhan #楊麗菁 #직격증인 #inthelineofduty #直擊證人 #원신의

A post shared by 🐰❤ (@projobdukler) on

Khan ဟာ ကွန်ဖူးကောင်းကောင်းတတ်ကျွမ်းတဲ့အတွက် Mulan ရဲ့ အက်ရှင်ခန်းတော်တော်များများကို လူစားမထိုးဘဲရိုက်ကူးနိုင်ခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ Mulan ကတော့ တရုတ်-ထိုင်ဝမ်တီဗီရုပ်သံရဲ့ အပိုင်း၄၀စာ အခန်းဆက်ဇာတ်လမ်းတွဲဖြစ်ပါတယ်။ Khan ဟာ ဇာတ်ဝင်ခန်းတစ်ခန်းမှာလည်း ငါးမီတာအမြင့်ကနေ ပြုတ်ကျကာ ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားခဲ့တယ်လို့ သိရပါတယ်။ သူသရုပ်ဆောင်တဲ့ Mulan version ကိုလည်း တရုတ်ပရိသတ်တွေက အသိအမှတ်ပြုလက်ခံကြတယ်ဆိုပါတယ်။

CeleNow