မတ်လ(၁၉)ရက်နေ့ကတော့ မိန်းကလေးပရိသတ်တွေရဲ့ အသည်းထိုင်းမင်းသားချော ထိုင်းမင်းသားချော Mark Prin ရဲ့ မွေးနေ့လေးပါ။(၁၉၉၀)မှာမွေးခဲ့ပြီး သူ့ရဲ့ အသက်ကတော့ အခုဆိုရင် (၂၈)နှစ်ပြည့်ခဲ့ပါပြီ။ ပရိသတ်တွေသိထားပြီးတဲ့ အတိုင်း သူ့မှာ Kimmy Kimberley ဆိုတဲ့ ချစ်သူအချောလေးရှိပါတယ်။

Kimmy Kimberley ကတော့ ထိုင်း-ဂျာမနီ ကပြားမလေး ဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ နာမည်ကြီးမင်းသမီးတစ်ယောက်ပါပဲ။ Mark Prin နဲ့ Kimmy Kimberley တို့ဟာ တွဲလာတဲ့ ချစ်သူ သက်တမ်း (၄)နှစ်ကျော်ပါပြီ။ နှစ်ယောက်လုံးကလည်း တကယ့်ကို လိုက်ဖက်တဲ့ ဆယ်လီစုံတွဲပါ။Mark Prin ကတော့ သူ့ချစ်သူသူကို သူ့အသက် (၃၀)ကျော်လောက် ကျရင် လက်ထပ်မယ်လို့ ပြောခဲ့ဖူးပါတယ်။ Kimmy Kimberley ကတော့ ချစ်သူရဲ့ အသက် (၂၈)နှစ်ပြည့် မွေးနေ့ လေးကို အခုလေး ဆုတောင်းပေးခဲ့ပါတယ်။

(၂၀၁၈) ဇန်န၀ါရီတုန်းက Iceland မှာအတူသွားရောက်လည်ပတ်ခဲ့စဉ် နှစ်ယောက်အတူ ရိုက်ခဲ့ဖူးတဲ့ ပုံလေးကို တင်ပြီး … caption မှာတော့ “ရှင့်အတွက် ဘ၀မှာ တစ်ခုခုများပေးရမယ်ဆိုရင်လေ..ကျမမျက်ဝန်းတွေကို ထိုးဖောက် မြင်နိုင်တဲ့ စွမ်းရည်ကို ပေးချင်တယ်..ဒါမှ ရှင်ဟာ ကျမအတွက် ဘယ်လောက်ထိ အရေးပါတဲ့ သူလဲ ဆိုတာကို ရှင် နားလည် မှာပါ..Happy Birthday to you my ♥️ 19.03.2018.” ဆိုပြီး ရေးထားပါတယ်။

source thainews