ဒီကနေ့ ဇန်န၀ါရီ ၂၂ ရက်နေ့ က တော့ ထိုင်းမင်းသမီးချောလေး Kimberley Anne Woltemas Tiamsiri ရဲ့ မွေးနေ့ လေးပါ။၁၉၉၂ ခုနှစ် ဇန်န၀ါရီ ၂၂ မှာ မွေးဖွားခဲ့တဲ့ သူမက တော့ ဒီနှစ်မှာ အသက် ၂၉ နှစ်ပြည့် မြောက်သွားခဲ့ပါတယ်။မွေး နေ့ လေးမှာတော့ သူမကို ချစ်တဲ့ ပရိသတ်တွေ၊သူမရဲ့ အနုပညာလုပ်ဖော်ကိုင် ဖက်တွေအများကြီးက မွေးနေ့ ဆုတောင်း ပေး ခဲ့ ကြပါတယ်။
View this post on Instagram
View this post on Instagram
ချစ်သူ Mark Prin ကလည်း Kimmy Kimberley အတွက် အမှတ်တရ မွေးနေ့ ဆုတောင်းပေးခဲ့ပါတယ်။ Mark Prin နဲ့ သူမရဲ့ ချစ်သူ သက်တမ်းက တော့ (၇)နှစ်ကျော်နေပါပြီ။“မွေးနေ့ မှာ ပျော်ရွှင် ပါစေ။ အချစ် တွေအများကြီး၊အလုပ် တွေ အများကြီး ၊လူကောင်းတွေ အများကြီး၊ပျော်ရွှင် မှုတွေ အများကြီး ပိုင်ဆိုင်ရတဲ့ နောက်ထပ် ပျော်စရာ နှစ်တစ်နှစ် ဖြစ်ပါစေ.” ဆိုပြီး မွေးနေ့ ဆုတောင်း ပေးခဲ့ပါတယ်။ Kimberley ရဲ့ IG Story မှာ လည်း သူမ အတွက် မွေး နေ့ ဆုတောင်း ပေးသူ တစ်ချို့ရဲ့ Post တွေကို ပြန် လည် ဝေမျှ ပေးထားပါတယ်။ရလိုက်တဲ့ လက်ဆောင် တစ်ချို့ကိုပါ တင် ပေး ထားပါတယ်။
View this post on Instagram
View this post on Instagram
Kimberley က တော့ ဂျာမန်-စပိန်-ထိုင်း က ပြားပါ။သူမရဲ့ မေ မေ က ချင်းမိုင်က ထိုင်းမလေး ဖြစ်ပြီး အဖေက တော့ ဂျာမန် – စပိန် က ပြား ဖြစ်ကာ ဥပဒေ Ph.D ဘွဲ့ ရ ပညာတတ် တစ်ယောက်ပါ။သူမ မှာတော့ အစ်ကို ကြီး နှစ်ယောက် နဲ့ အစ်မ တစ်ယောက် ရှိပါတယ်။ Kimberley ကိုယ်တိုင် ကလည်း ဂျာမနီမှာ မွေးပြီး အမေရိကန် မှာ ကျောင်းတက် လာခဲ့သူပါ။
View this post on Instagram
အနုပညာ လောကထဲကို တော့ ၂၀၀၉ ခုနှစ် လောက် တုန်းက စတင် ၀င်ရောက်ခဲ့တာပါ။၂၀၁၀ မှာတော့ ‘4 Huajai Haeng Khon Kao: Thara Himalaya’ ဆိုတဲ့ ဇာတ်ကားကို Aum Atichart နဲ့ အတူတူ သရုပ် ဆောင် ရင်း နာမည်ကြီးခဲ့သူပါ။လက်ရှိမှာတော့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ထိပ်တန်း မင်းသမီး တစ်ယောက် အဖြစ် ရပ်တည် နေပါတယ်။





#CELENOW(ref:wiki)