နာမည်ကြီး တက်သစ်စ မင်းသား Kem Hussawee က တော့ အခုဆိုရင် တွစ်တာ အထိ ပါ ရေပန်းစားနေပါတယ်။အသက် ၂၃ နှစ်ရှိ နေတဲ့ Kem Hussawee က တော့ အခု ဆိုရင် Channel 7 ရဲ့ နာမည်ကြီး မင်းသား တစ်ယောက် အဖြစ် ပါ ရပ်တည် နေပါပြီ။ Kem Hussawee က တော့ ထိုင်း  ကတွစ်တာ ပေါ်မှာ ရေပန်းအစားဆုံး နံပါတ် သုံး နေရာ အထိ မကြာခင်တုန်းက ရောက်ခဲ့ပါတယ်။နိုင်ငံ အများအပြားမှာရှိတဲ့ ပရိသတ်တွေ က Kem Hussawee အ ကြောင်း ကို တွစ်တာ ပေါ်မှာ #Hussaweeyouwin ဆို ပြီး hashtag ကို သုံးပြီး တွစ် ခဲ့ ကြတာပါ။ဒီအ ကြောင်းကိုတော့ Thai Update မှာ ဖော်ပြထားတာပါ။

 

View this post on Instagram

 

A post shared by Hussawee (@hussaweee)

Kem Husssawee က တော့ ၂၀၂၀ တုန်းက ထွက်ခဲ့တဲ့ “So Wayree” ဆိုတဲ့ ဒရမ်မာ ဇာတ်ကားနဲ့ ပရိသတ်ကြားမှာ တဟုန် ထိုး နာမည်ကြီး လာခဲ့တာပါ။ဒီကား အရင် မှာလည်း တခြား ဒရမ်မာဇာတ်ကားတွေ ရိုက်ခဲ့ဖူးပေမယ့် ဒီကားနဲ့ မှာတော့ အရမ်းေ အာင် မြင်သွားခဲ့တာပါ။“So Wayree” က တော့ အချစ် ဒရမ်မာ ဇာတ်ကား ဖြစ်ပြီး မင်းသမီး Mookda Narinrak နဲ့ အတူ တွဲ သရုပ်ဆောင် ထားတာပါ။ဖေဖော်ဝါရီ ၃ ရက်နေ့မှာတော့ Kem Hussawee တစ်ယောက် ‘The Most Favorite Thai Actor in Leading Role of 2020’ အဖြစ် သတ်မှတ်ခံ ခဲ့ရပါသေးတယ်။ “So Wayree” ဇာတ်ကားနဲ့ မဲ အရေ အတွက် 157,892 အထိ ရရှိ ပြီး ဒီစာရင်းမှာ ပါဝင်လာခဲ့တာပါ။

 

View this post on Instagram

 

A post shared by Hussawee (@hussaweee)

၂၀၂၁ ထဲမှာ လည်း Kem Hussawee ရဲ့ ဇာတ်ကားသစ် ထွက်လာဖို့ ရှိပါတယ်။ Koei Baan Rai Saphai Hiso (2021) ဆိုတဲ့ ဇာတ်ကား သစ်  ဖြစ်ပြီး ဒီဇာတ်ကားမှာ လည်း မင်းသမီး Mookda Narinrak နဲ့ အတူ တွဲ သရုပ်ဆောင်ထားတာပါ။

 

View this post on Instagram

 

A post shared by Hussawee (@hussaweee)

#CELENOW