Jooy Warattaya နဲ့ DJ Push တို့က တော့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီးဆယ်လီ ဇနီးမောင်နှံပါ။သူတို့ အတွဲလေးက တော့ ချစ်သူဘ၀ မှာတည်းက ပရိသတ်တွေ အားကျ ခဲ့ရတဲ့ စုံတွဲ လေး ဖြစ်ခဲ့ပါတယ်။ Jooy Warattaya ရဲ့ အသက်ကတော့ အခုဆိုရင် ၃၇ ပါ။Push ကတော့ ၃၄ မို့ သူ့ထက် Jooy က သုံးနှစ် ပို ကြီးပါတယ်။နိုဝင်ဘာ ၁၆ ရက်နေ့က တော့ သူတို့ နှစ်ယောက်ရဲ့ Anniversary နေ့လေး ဖြစ်ပြီး လက်ထပ်ခဲ့ကြတာ နှစ်နှစ်ပြည့်သွားပါပြီ။

 

View this post on Instagram

 

A post shared by Warattaya Nilkuha (Jooy) (@warattaya)

 

View this post on Instagram

 

A post shared by push_dj (@push_dj)

နှစ်နှစ်ပြည့်နေ့လေးမှာတော့ Jooy ရော Push က ပါ သူတို့ အချင်းချင်း အပြန်အလှန် အမှတ်တရ စကားေ တွ ဆို ခဲ့ ကြပါတယ်။လက်ထပ်ပွဲ တုန်းက ပုံလေးတွေကို လည်း ပြန်လည် ဝေမျှ ခဲ့ကြပါတယ်။Jooy က တော့ လွန်ခဲ့တဲ့ နှစ်နှစ်  လက်ထပ် ပွဲက ပုံကို တင်ပြီး..”နှစ်နှစ်ကြာ သွားပေမယ့် အဲ့ဒီနေ့က အဖြစ် အပျက်ေ တွကို သေချာ မှတ်မိ နေ တုန်းပဲ၊ကျွန်မ တို့နှစ်ယောက်ရဲ့ လက်ထက်ပွဲကို တက်ရောက်  ဂုဏ်ပြု ပေးတဲ့ သူတွေကို ကျေးဇူး တင်ပါတယ်။ မင်္ဂလာ ဆောင်တုန်းက ပုံတွေ၊ဗီဒီိယိုဖိုင် လေးတွေကို ပြန်ကြည့်တိုင်း အရမ်း ပျော်ရွှင်ရပါတယ်..”  ဆိုပြီး တင်ခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Warattaya Nilkuha (Jooy) (@warattaya)

နောက်ထပ် Post တစ်ခုမှာတော့ ခင်ပွန်း အတွက် အမှတ်တရ စကားဆိုထားပါတယ်။”သုံးနှစ်ချစ်သူ ဖြစ်ပြီး တော့ နောက်ထပ် အိမ်ထောင်သက် နှစ်နှစ် ထပ် ဖြတ်သန်း ခဲ့တယ်။ကျွန်မ တို့ အတူရှိနေတာ ငါးနှစ် ရှိ ပြီ. ဒီငါးနှစ် အတွင်းမှာ ဖြစ်ပျက်ခဲ့တာ တွေ အများကြီး ပဲ. နောက်ဆုံး ပြောချင်တာက ကျွန်မ တို့နှစ်ယောက် အတူ ရှိနေတဲ့ နေ့ရက် တိုင်းက ပျော်ရွှင် ရတယ်။ကျေးဇူးပါ Push .ဒီလို အချစ်မျိုးနဲ့ တွေ့ရတာ ကျွန်မ အရမ်း ကံေ ကာင်းတယ်။ရှင့်က ကျွန်မရဲ့ အချစ်ဆုံးပဲ….” ဆိုပြီး တင်ထားပါတယ်။

 

View this post on Instagram

 

A post shared by Warattaya Nilkuha (Jooy) (@warattaya)

Push က တော့ ဇနီးဖြစ်သူ မင်္ဂလာပွဲမှာ ပြုံးနေတဲ့ ပုံကို တင်ထားပြီ. ဒီလိုပြုံး နေ နိုင်အောင် အမြဲ လုပ် ပေးမယ်။အမြဲ တမ်း ချစ် နေမယ်။နှစ်နှစ် ဆိုတဲ့ အချိန်က အကုန်မြန်လွန်းတယ်။ချစ်တယ်.. ဆိုပြီး Post တင်ထားပါ တယ်။

 

View this post on Instagram

 

A post shared by push_dj (@push_dj)

 

View this post on Instagram

 

A post shared by push_dj (@push_dj)

သူတို့နှစ်ယောက်ကတော့ (၂ဝ၁၄)က ထွက်ခဲ့တဲ့ Fun Fueng စီးရီးမှာ အတူ တွဲ သရုပ်ဆောင်ရင်း ချစ်သူတွေ ဖြစ်သွားခဲ့ တာပါ။သုံးနှစ်ကျော် လေးနှစ်လောက် တွဲပြီး ချိန်မှာတော့ Push က Iceland မှာရှိတဲ့ Jökulsárlón ကန်နားမှာ Jooy ကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ချစ်စရာ ကောင်းတဲ့ သူတို့ အတွဲ လေးက တော့ (၂ဝ၁၈)နိုဝင်ဘာ (၁၆)မှာ လက် ထပ်ခဲ့ ကြပါတယ်။

 

View this post on Instagram

 

A post shared by push_dj (@push_dj)

 

View this post on Instagram

 

A post shared by push_dj (@push_dj)

CELENOW(ref:IG/Jooy & Push)