ဖိလစ်ပိုင်မင်းသမီး Jennylyn Mercado ကလည်း အခုဆိုရင် ပရိသတ်တွေကြားမှာ အတော်လေး ရေပန်းစား နေပါ တယ်။သူမကတော့ (၁၉၈၇)ခုနှစ် မေ (၁၅)မှာ မွေးခဲ့တာဖြစ်ပြီး အသက်ကတော့ (၃၁)ပါ။ဖိလစ်ပိုင် မင်းသမီး၊ အဆိုေ တာ် နဲ့ တေးရေးသူပါ။Reality Talent ပြိုင်ပွဲ StarStruck ရဲ့ ပထမဆုံး Season မှာ ဆုရခဲ့သူပါ။English Only, Please (2014), The Prenup (2015), Walang Forever (2015), Just the 3 of Us (2016) ဆိုတဲ့ ဇာတ်ကားတွေနဲ့ နာမည်ကြီးခဲ့သူပါ။

အယ်ဘမ်(၃)ခုလည်း ထွက်ခဲ့ဖူးပါတယ်။(၂၀၁၇) မှာတော့ ဖိလစ်ပိုင်းဗားရှင်း My Love from the Star မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။Mercado ရဲ့အဲ့ဒီလို အောင်မြင်မှုတွေကတော့ သူမကို ဖိလစ်ပိုင်ရဲ့ ထိပ်တန်း မင်းသမီး တစ်လက် ဖြစ်လာစေခဲ့ပါ တယ်။

 အခုဆိုရင်တော့ သူမဟာ တခြားအာရှနိုင်ငံတွေက ပရိသတ်တွေကပါ ၀န်းရံ အားပေးခြင်းကို ခံရတဲ့ မင်းသမီးတစ်လက်ဖြစ်လာပါပြီ။ သူမရဲ့ IG မှာဆိုရင် followers (၂.၃)သန်းရှိပါတယ်။ ချစ်သူ ရှိပြီး Dennis Trillo ပါ။ချစ်သူနဲ့ အတူလျှောက်လည်နေတဲ့ ပုံတွေကိုလည်း သူမရဲ့ IG မှာ တင်ထားတာကို တွေ့ရပါတယ်။

ref; wiki