James Jirayu ကတော့ သူရဲ့ TV ဒရမ်မာဇာတ်ကားသစ်နဲ့ပတ်သက်ပြီး ပြော ပြခဲ့ပါတယ်။ဇာတ်ကားသစ်ရဲ့ နာမည်ကတော့  Krung Gum ပါ။

သူ့ရဲ့TV ဒရမ်မာကား  Nueng Dao Fah Diew  ရဲ့ ရိုက်ကူးရေးတွေ  ပြီးစီး သွားပြီးနောက်မှာတော့ Thai TV3 က နောက်ထပ် TV drama ဇာတ်ကား Krung Gum ကို ကမ်းလှမ်းလာခဲ့တယ်လို့ ဆိုပါတယ်။ဒီကားမှာ ပါဝင်မယ့် မင်းသား  Alek Teeradetch နဲ့တွဲပြီး တခါမှ သရုပ်မဆောင်ဖူး သေး ဘူးလို့ ပြောပါတယ်။ဇာတ်ညွှန်းပြောင်းလိုက်တာကိုလည်း သူမသိခဲ့ကြောင်း၊ ဒါေ ပမယ့် ဒါဟာ တကယ်ကောင်းတဲ့ ဒရမ်မာ ကားဖြစ်ကြောင်း၊ဒီလိုပုံစံ ဒရမ်မာကားမျိုးကို တခါမှ သရုပ်မဆောင်ဖူးသေးဘူးလို့ ပြောပါတယ်။

 

James Jirayu က ဒီကားမှာ Bella Ranee နဲ့ အတူတွဲ သရုပ်ဆောင်မှာ ဆိုေ ပမယ့် စုံတွဲအနေနဲ့ သရုပ်ဆောင်တာမျိုးတော့ မဟုတ်ကြောင်း၊ဒါပေမယ့် အရင်ဇာတ်ကားတွေကလိုပဲ ဒီကားမှာလည်း တစ်ယောက်နဲ့တစ်ယောက် ဖေးမ ကူညီပြီး ရိုက်ကူးသွားမှာပါလို့ ပြောခဲ့ပါတယ်။

JJ နဲ့ Bella တို့ဟာ Padiwarada၊Suparburoot Jutathep ဒရမ်မာကားေ တွ မှာ အတူတွဲသရုပ်ဆောင်ခဲ့ကြပြီး ပရိသတ်တွေ ရဲ့ တခဲနက်အားပေးမှုကို ရရှိခဲ့ကြပါတယ်။အရမ်းကို လိုက်ဖက်လွန်းလို့ အပြင်မှာပါ တကယ်စုံတွဲဖြစ်သွား ဖို့ မျှော်လင့်ခဲ့ကြပါတယ်။ဒါပေမယ့် Bella မှာက ချစ်သူ Weir ရှိနှင့်နေပြီးပါ။

from dara news

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။