Baifern Pimchanok က တော့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး မင်းသမီး တစ်ယောက်ပါ။လက်ရှိမှာတော့ Free Agent အဖြစ်နဲ့ ရပ်တည် နေပါတယ်။တောက် လျောက် ဆိုသလို မနား တမ်း ဇာတ်ကားတွေ၊ကြော်ငြာတွေ၊ပွဲတက် တွေ လက်ခံ ပေးရင်း သူမရဲ့ အချိန်တွေကို ကုန်ဆုံးနေသူပါ။မော်ဒယ် မင်းသား ပိုင်တံခွန်က တော့  Baifern Pimchanok  နဲ့ အတူ တွဲပြီး ကြော်ငြာ ရိုက်ခဲ့ဖူးပါတယ်။ Baifern Pimchanok က တော့ အနုပညာလောကထဲ ရောက် နေတာ (၁၀)နှစ် ကျော်ပါပြီ။ဒီ ကာလ တစ်လျှောက် သူမရခဲ့တဲ့ ဆုတွေ အ ကြောင်းကို တော့ Thai Update မှာ အခုလို ဖော်ပြထားပါတယ်။

 

View this post on Instagram

 

A post shared by เฟิร์น.♡ (@fernzzupar)

Baifern Pimchanok က တော့ အနုပညာသက် (၁၀)နှစ်ကျော်ကာလ အတွင်းမှာ ဆု (၂၀)ကျော် ရ ထားပြီးပါပြီ။ Baifern Pimchanok က တော့ ၂၀၀၃ တုန်းက ရုပ်ရှင်ကား “Nai Asoke Gub Nangsao Plernjit”. နဲ့ ပွဲဦး ထွက်ခဲ့သူပါ။(၂၀၁၀)မှာ ထွက်တဲ့ “First Love” သို့ “A Little Thing Called Love” ဆိုတဲ့ ဇာတ်ကားမှာ မင်းသား မာရီယို နဲ့ အတူ တွဲ ဖက် သရုပ် ဆောင် ခဲ့ ပါတယ်။အဲ့ဒီဇာတ်ကားက တော့ သူမကို အကြီးအကျယ်အောင်မြင် စေခဲ့တဲ့ ဇာတ်ကားဖြစ်လာခဲ့ပါတယ်။ထိုင်းမှာ တင်မ ဟုတ်ပဲ အာရှ နိုင်ငံ တွေ မှာပါ သူမ ကို ချစ်ခင် အားပေးတဲ့ ပရိသတ်တွေ အများကြီး ရခဲ့ပါတယ်။သူမရဲ့ သရုပ်ဆောင်စွမ်းရည် ကြောင့် အဲ့ဒီ ဇာတ်ကားနဲ့ Top Awards 2010 မှာ တက်သစ်စ မင်းသမီး ဆု ကို ထိုက်ထိုက် တန် တန် ရခဲ့ပါတယ်။ဒါ့အပြင် 8th Chalerm Thai Awards မှာပါ အ ကောင်းဆုံး ခေါင်းဆောင် မင်းသမီး ဆု ရခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by เฟิร์น.♡ (@fernzzupar)

“First Love” က တော့ Baifern ရဲ့ အနုပညာ လမ်း ကြောင်းကို ဘ၀တစ်ဆစ် ချိုး ပြောင်းလဲ ပစ်စေနိုင်ခဲ့တဲ့ ဇာတ်ကား တစ်ကားပါ။ဘယ်လို ဇာတ်ကောင် မျိုးကို မဆို စိန် ခေါ် ရဲ လက်ခံ ရတဲ့ သူမက တော့ Lhong Fai ဆိုတဲ့ ဇာတ်ကားမှာ ချမ်းသာချင်စိတ်၊လောဘစိတ် တွေ ကြောင့် မိန်းမပျက် ဘ၀ ကို ရောက် ခဲ့ရတဲ့ မိန်းကလေး အဖြစ် သရုပ် ဆောင် ထားပါတယ်။ဇာတ်ကားတစ်ကားလုံးမှာ ယောက်ျားတွေ မြှူ ဆွယ် ဖျားယောင်း အပျက်မ တစ်ယောက် အဖြစ် ပီပြင် စွာ သရုပ် ဆောင် နိုင်ခဲ့ပါတယ်။အဲ့ဒီဇာတ်ကား နဲ့ ၂၀၁၈ မှာ Dara Inside Awards က နေ Breakthrough Actress ဆု၊ HOWE Awards မှာ Shining Actress Award  ဆုတို့ အပါအ၀င် ဒီဇာတ်ကားနဲ့ ဆု တွေ အများကြီး ရခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by เฟิร์น.♡ (@fernzzupar)

 

View this post on Instagram

 

A post shared by เฟิร์น.♡ (@fernzzupar)

၂၀၂၀ မှာတော့ ၁၁ ကြိမ် မြောက် Nataraj Awards မှာ “Bai Mai Tee Plid Plew” (The Fallen Leaf)နဲ့ ခေါင်းဆောင် မင်းသမီးဆု ၊ Zoomdara Awards  မှာ Zoom Female Lead  ဆု အပါအ၀င် ဆု တွေ အများကြီး  ရခဲ့ပါတယ်။ဒီဇာတ်ကားမှာတော့ လိင် ပြောင်း အမျိုးသမီး တစ်ယောက် အဖြစ် နဲ့ သူမက သရုပ်ဆောင်ခဲ့တာပါ။ရုပ်ရှင်ကား အနေနဲ့ ဆိုရင် တော့ Friend Zone နဲ့ လည်း Thailand Zocial Awards မှာ Top 3 Best Entertainment On Social Media – Actress ဆု ကို ထိုက်ထိုက် တန် တန် ရခဲ့ပါတယ်။၂၀၂၁ ထဲမှာတော့ Sinaeha Saree (2021) ၊ 46 Days (2021) တို့ လည်း ထပ်ပြီး ထွက်လာဖို့ ရှိပါတယ်။

 

View this post on Instagram

 

A post shared by เฟิร์น.♡ (@fernzzupar)

#CELENOW