ထိုင်းနိုင်ငံရဲ့ နာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်တဲ့ Yaya Urassaya ရဲ့ အချစ်ရေးသတင်းတွေကတော့ ထိုင်းမီ ဒီယာ တွေမှာ ပျံ့နေပါတယ်။တစ်ချို့ကလည်း ဒီသတင်းတွေဟာ တကယ်မှန်တယ်၊တစ်ချို့ ကလည်း သတင်း မှား ဆိုပြီး အမျိုးမျိုးပြောနေပါတယ်။Yaya Urassaya ကတော့ ချစ်စရာ အပြုံးမျက်နှာလေးတွေကို ပိုင်ဆိုင်ထားတဲ့ ထိုင်း- နော်ဝေ ကပြားမလေးပါ။သူမကို ပရိသတ်တွေက Nadech Kugimiya နဲ့ သဘောတူပြီး သူတို့နှစ်ယောက် ပြတ်စဲသွားပြီး Yaya Urassaya က ငွေကြေးကြွယ်ဝချမ်းသာတဲ့ သူတစ်ယောက်နဲ့ တွဲနေပြီလို့သတင်းထွက်ေ နတာပါ။

သူမနဲ့တွဲနေတယ်ဆိုပြီး သတင်းထွက်နေတဲ့ အမျိုးသားကတော့ နိုင်ငံ့လက်ရွေးစင်ဓားရေးအားကစားသမား တစ်ယောက်လို့ သိရပါတယ်။ဒီသတင်းတွေနဲ့ပတ်သက်ပြီး မှန်၊မမှန်သိချင်လို့ Khaosod Online က အဲ့ဒီအမျိုး သား ကို ဆက်သွယ်ပြီး မေးကြည့်တဲ့ အခါမှာတော့…”ဒီသတင်းဘာကြောင့် ထွက်လာလဲ ဆိုတာ ၊ဘာလို့ ထွက်လာလဲ ဆိုတာ သိချင်နေကြောင်း၊ဒီအချိန်မှာတော့ မပြောပါနဲ့လို့ အထက်တန်းလွှာ ပုဂ္ဂိုလ်တစ်ချို့ က ပြောလို့ သူတက်ရောက်မယ့် ပွဲတစ်ခုမှာတော့ ဒီသတင်းအကြောင်းကို သီးသန့် ပြောမယ်လို့ ဆိုပါတယ်။

Yaya Urassaya နဲ့ အချစ်ရေးသတင်းနဲ့ပတ်သက်ပြီး Mark Prin  ကို မီဒီယာတွေက မေးတဲ့ အခါမှာတော့ ..” ဒီအကြောင်းကို သူ မသိကြောင်းနဲ့ Yaya ဖြေရမယ့် အစားဒီအကြောင်းကို သူဘက်က ဖြေမှာမဟုတ်ဘူး လို့ ပြော ခဲ့ပါတယ်။တွဲနေတယ်လို့ သတင်းထွက်နေတဲ့ အမျိုးသားကို မသိကြောင်း၊တစ်ခါမှလည်း မတွေ့ ဖူးဘူး လို့ ပြောခဲ့ကာ သူကိုယ်တိုင်လည်း ဒီသတင်းဘယ်က ထွက်လာတယ်ဆိုတာ သိချင်နေတယ်လို့ ဆိုပါတယ်။ Yaya ရဲ့ မွေးနေ့ ပွဲကိုတော့  Nadech  တက်ရောက်ခြင်းမရှိခဲ့ပါဘူး။ My Love From The Star (Thai Version). ဇာတ်ကား ရိုက်ကူးရေးကြောင့် အလုပ်များနေလို့ မတက်ရောက်နိုင်တာလို့ သိရပါတယ်။

Source thainews.