အပြုံးချိုချိုလေးပိုင်ဆိုင်ထားပြီး အမြဲပွင့်ပွင့်လင်းလင်းနေထိုင်တတ်တဲ့ မင်းသမီးချောလေး Mew Nittha အကြောင်းသိချင်ကြတဲ့ Cele Now ပရိတ်သတ်ကြီးအတွက် သူမရဲ့အကြောင်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော် …

နာမည်အရင်း ၊ အသက်

 

 

View this post on Instagram

 

A post shared by Mewnittha (@mewnittha)

Mew ကတော့ September 21 , 1990 မှာမွေးဖွားခဲ့ပြီး သူမရဲ့အသက်ကတော့ ၃၀ ပါ။ နာမည်အရင်းကတော့ Nittha Jirayungyurn ပါတဲ့

မိသားစု

 

 

View this post on Instagram

 

A post shared by Mewnittha (@mewnittha)

Mew မှာအမတစ်ယောက်ရှိပါတယ်။ Mew Nuttha ပါ။ မင်းသမီးလေးကတော့ ချစ်သူ Hi-So Shane နဲ့ January 2020 တုန်းက ခမ်းခမ်းနားနား လက်ထပ်ခဲ့ပါတယ်။ Hi-So Shane ကတော့  စီးပွားရေးသမား ၊ အရမ်းချမ်းသာတဲ့ ရွှေကုန်သည်မိသားစုရဲ့ သားပါ။

ပညာအရည်အချင်း

 

 

View this post on Instagram

 

A post shared by Mewnittha (@mewnittha)

Mew ကတော့ အနုပညာအရည်အချင်းအပြင် ပညာလည်း တော်ပါတယ်။ Bachelor of Gine Art (Fashion Design) နဲ့ ဘွဲ့ရထားပြီးတော့ အထက်တန်းတည်းက New Zealand မှာ English စာသင်ခဲ့တာပါ။ ပညာရေးပိုင်းအပြင် ရေဆေးပန်းချီ နဲ့ပုံဆွဲပညာတွေပါ ကျွမ်းကျင်ပါတယ်။ Fashion Design နဲ့ဘွဲ့ရထားလို့ထင်တယ် သူမ၀တ်လိုက်ရင် အခြားလူတွေနဲ့မတူပဲကွဲထွက်ပြီး အရမ်းကြည့်ကောင်းတယ်နော်

အနုပညာအလုပ် စတင်ခဲ့ပုံ

 

 

View this post on Instagram

 

A post shared by Mewnittha (@mewnittha)

အနုပညာအလုပ်စလုပ်ခဲ့တာကတော့  ၂၀၁၃ မှာပါ။ “Suparburoot Jutathep: Khun Chai Pawornruj”  ဆိုတဲ့ ဇာတ်လမ်းတွဲမှာ Than Yin Wanrasa ဆိုတဲ့ ဇာတ်ကောင်နဲ့ပါဝင်ခဲ့ပါတယ်။ ၂၀၁၆ မှာတော့ “One Day” ဆိုတဲ့ ရုပ်ရှင်ကို မင်းသား Ter Chantavit နဲ့ အတူတူရိုက်ကူးခဲ့ပြီး အရမ်းအောင်မြင်ခဲ့ပါတယ်။ အနုပညာသက်တမ်းကတော့ အခုထိဆိုရင် ၈နှစ်လောက်ရှိပါပြီ ။

လက်ရှိအနုပညာလှုပ်ရှားမှု

 

 

View this post on Instagram

 

A post shared by Mewnittha (@mewnittha)

 

 

View this post on Instagram

 

A post shared by Mewnittha (@mewnittha)

လက်ထပ်ပြီးပေမယ့်လည်း အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်နေပြီး ပရိတ်သတ်နဲ့လုံးဝ အဆက်အသွယ်မပြတ်ခဲ့သူလေးပါ။ ဒီနှစ်ထဲမှာ ထွက်ရှိထားတဲ့ Channel 3 ကထုတ်လွှင့်တဲ့ My Husband in Law  ဇာတ်လမ်းတွဲကလည်း ၀က်ဝက်ကွဲအောင်မြင်ခဲ့ပြီးတော့ တရုတ်နိုင်ငံ version နဲ့ပါပြန်မြင်ရတော့မှာပါတဲ့ ။ ဒီကားလေးက မြန်မာနိုင်ငံမှာလာရိုက်ကူးသွားခဲ့တာနော် …

CELENOW(ref: wifi, thaiupdate)