Dj Push ကတော့ မိန်းကလေးပရိသတ်တွေရဲ့ သဲသဲလှုပ်ဝန်းရံခြင်းခံထားရသူပါ။ သူ့ရဲ့ မင်္ဂလာသတင်းကတော့ ဒီနှစ် (၂၀၁၈) ထဲမှာ ကြားရတော့ မယ်ဆိုတာ ပရိသတ်ကြီးကို အစောကြီးတည်းက အသိပေးခဲ့ပြီးသားပါ။ Puttichai Kas etsin (Push) က သူ့မှာ ချစ်သူရှိတဲ့ အကြောင်း ပွင့်ပွင့်လင်းအသိပေးပြီး ချစ်သူကို Official တွဲခဲ့တာပါ။ Push ရဲ့ ချစ်သူ ကတော့ ထိုင်းမင်းသမီးချော Jooy Warattaya (Warattaya Nilkuha)ပါ။

Dj Push ကတော့ လက်ထပ်ပြီးတာနဲ့ တခါတည်း ကလေးတန်းယူမယ်လို့ သိရပါတယ်။ သူတို့စုံတွဲဟာ ပြီးခဲ့တဲ့ရက်တွေ တုန်းက ကိုရီးယားကို ငါးရက်ကြာ အလည်အပတ်ခရီးသွားခဲ့ပါတယ်။ IG မှာလည်း ခရီးသွားခဲ့တဲ့ ပုံလေးတွေကို ဝေမျှထားတာကို တွေ့ရပါတယ်။ ပရိသတ်တွေလည်း သိချင်နေကြတဲ့ မင်္ဂလာဆောင်မယ့်ရက်၊ လက်ထပ်ပွဲကျင်းပမယ့် ရက် အကြောင်းကိုတော့ ဧပြီ (၃၀)ရက်ကျရင် ထုတ်ပြောမယ်လို့ နှစ်ယောက်လုံးက အသိပေးခဲ့ပါတယ်။

သူတို့နှစ်ယောက် လက်ထပ်မယ့် ဒိတ်ကတော့ (၂၀၁၈) နိုဝင်ဘာ (၁၆)ပါ။ Push ကတော့ လက်တလောမှာ မင်္ဂလာပွဲအတွက်  သူ့ရဲ့ ဇနီးလောင်းလေးကို ကူညီပေးတယ်လို့ သိရပါတယ်။ သူတို့နှစ်ယောက်ဟာ TV drama Fun Fueng မှာ အတူတွဲ သရုပ်ဆောင်ရင်း ဆုံခဲ့ကြတာပါ။ တွဲလာတာကတော့ (၃)နှစ်လောက်ရှိပါပြီ။ “မနဲ့မောင် “တွေ တစ်ခေတ်ထနေတဲ့ ဒီအချိန်မှာ သူတို့စုံတွဲကလည်း “မနဲ့မောင်” ဆယ်လီစုံတွဲလေးပါ။ Push ကတော့ အသက် (၃၁) နှစ်ဖြစ်ပြီး Jooy က (၃၄)ပါ။

source Mthai