၂၀၁၇ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Pretty Li Hui Zhen ရုပ်ရှင်စီးရီး အောင်မြင်ပြီးနောက်ပိုင်း Dilraba Dilmurat ကိုတော့ တရုတ်နိုင်ငံရဲကအလှဆုံးမင်းသမီးတွေထဲက တစ်ယောက်အဖြစ် သတ်မှတ်ကြပါတယ်။ ဒါပေမဲ့ မကြာသေးခင်ကတော့ မင်းသမီး Dilraba က သူမရဲ့ရုပ်ရည်သွင်ပြင်နဲ့ပတ်သက်ပြီး စိတ်လုံခြုံမှုမရှိခဲ့တဲ့အကြောင်း Cosmopolitan ဆီပြောပြခဲ့တာကို thestar သတင်းစာမျက်နှာအရ သိရတာပါ။

အသက်(၂၈)နှစ်ရှိပြီဖြစ်တဲ့ Dilraba ကို လာမယ့်ဒရာမာစီးရီးသစ် The Long Ballad မှာတွေ့မြင်ရမှာဖြစ်ပေမယ့် အွန်လိုင်းပေါ်မှာတော့ ဇာတ်ကားထဲမှာပါဝင်တဲ့ဇာတ်ရုပ်ဟာ သူမနဲ့မလိုက်ဘူးဆိုပြီး ဝေဖန်နေကြတာပါ။ သူမမျက်နှာဟာ အရမ်းခေတ်ဆန်နေတယ်လို့ ဆိုနေကြတဲ့အတွက် Dilraba က စိတ်ပျက်မိကြောင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။ ဒီမတိုင်ခင်ကတော့ သူမဟာ အပိုင်းဆက်ဇာတ်လမ်းတွဲတွေဖြစ်တဲ့ The King’s Woman (2017) နဲ့ Fire of Eternal Love (2018) တို့မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။

Dilraba က သူမရဲ့ရုပ်ရည်နဲ့ပတ်သက်ပြီးတော့ မကြာခဏဆိုသလို ယုံကြည်ချက်မရှိကြောင်းလည်း ပြောပြခဲ့ပါတယ်။ မိန်းကလေးတစ်ယောက်အနေနဲ့ တခြားကောင်မလေးတွေရဲ့အလှကိုမြင်တဲ့အခါ အားကျမိပြီး နှုတ်ခမ်းနည်းနည်းထူရင်ကောင်းမှာပဲ ဒါမှမဟုတ် ပြုံးလိုက်တဲ့အခါ ပါးချိုင့်တွေရှိရင်ကောင်းမှာပဲ၊ မျက်ရစ်တစ်ခုတည်းပါရင်ကောင်းမှာပဲ ဒါမှမဟုတ် ဥရောပသူလေးတွေလို နှာခေါင်းလေးနည်းနည်းချွန်ရင် ကောင်းမှာပဲ စသဖြင့် တွေးမိတယ်လို့လည်း ပြောပြပါတယ်။ နောက်ဆုံးမှာတော့ Dilraba ဟာ ဝေဖန်သူတွေရဲ့စကားကို ဘေးဖယ်ခဲ့ပြီး ဒရာမာဇာတ်လမ်းတွဲထဲမှာ ဆက်လက်သရုပ်ဆောင်ခဲ့ကြောင်းလည်း သိရပါတယ်။

CeleNow