Mai Davika နဲ့ Mark Prin တို့က တော့ အတူတူ ကြော်ငြာ ရိုက်ကူးခဲ့ပါတယ်။ဓါတ်ပုံတွေကို တော့ နှစ်ယောက်လုံးရဲ့ Instagram မှာ ဝေမျှ ပေးထားပါတယ်။သူတို့နှစ်ယောက် အတူ ရိုက်ကူး ပေးခဲ့တာက တော့ The North Face Gucci အတွက် ပါ။ The North Face ဆိုတဲ့ အ၀တ်အစား ကုမ္ပဏီ နဲ့ ကမ္ဘာ ကျော် Brand တစ်ခု ဖြစ်တဲ့ Gucci တို့ နှစ်ယောက် ပေါင်းပြီး fashion collaboration လုပ် ထားတာပါ။
View this post on Instagram
The North Face x Gucci collaboration အမိုက်စား ဒီဇိုင်းတွေကို ၀တ်ဆင်ပြီး Mai Davika နဲ့ Mark Prin တို့ ကတော့ အရမ်းကို လန်း နေပါတယ်။အရင် Gucci က ထုတ်ခဲ့ဖူးတဲ့ ပစ္စည်းတွေ နဲ့ မတူ တဲ့ ထူးခြားချက်က တော့ လုံးဝ ခမ်းနား ထည်ဝါ တဲ့ ပွဲ မျိုးတွေ ၊နေရာ တွေ အတွက်ရည်ရွယ်ထုတ်ထားတာမျိုး မဟုတ်ပဲ Outdoor အပြင် ကို အပန်း ဖြေခရီးထွက်တာ တွေ အတွက် ထုတ်ထားတာ မျိုးပါ။ယာယီ တဲ တွေ၊ sleeping bag ..အစရှိတဲ့ ပစ္စည်း အမျိုးအစားတွေကိုပါ ထုတ်ပေးထားပါတယ်။ဒီအကြောင်းကိုတော့ Elle မှာ ဖော်ပြထားတာပါ။
View this post on Instagram
View this post on Instagram
Mai Davika က တော့ မင်းသမီးတစ်ယောက် ဖြစ်သလို ကမ္ဘာ ကျော် ဖက်ရှင် ဒီဇိုင်နာတွေရဲ့ ဖက်ရှင် Show တွေ မှာပါ ပါဝင် လျှောက်လှမ်းခဲ့ ဖူး သလို လက်ရှိမှာ လည်း ကမ္ဘာ ကျော် brand တွေနဲ့ လက်တွဲ အလုပ်လုပ်နေသူပါ။သူမရဲ့ ဇာတ်ကားသစ် အနေနဲ့ ဆိုရင် တော့ You are My Heartbeat (2021) ဆိုတဲ့ ဇာတ်ကား ထွက်လာဖို့ ရှိပါတယ်။မင်းသားကတော့ DJ Push ပါ။
View this post on Instagram
Mark Prin က တော့ My Forever Sunshine (2020) ဆိုတဲ့ ဇာတ်ကား ပြသ ပြီးတာ မကြာ သေးပါဘူး။နောက်ထပ် ကားသစ် အနေနဲ့ ဆိုရင် Game Lah Torrachon (2021) ထွက်လာ ဖို့ရှိပါတယ်။မင်းသမီးက တော့ Taew ပါ။
View this post on Instagram






#CELENOW