Can’t Help Falling in Love ဆိုတဲ့ ဖိလစ်ပိုင် အချစ် ဇာ တ်ကားလေး နဲ့ အတူ မြန်မာ မိန်း ကေ လးပရိသတ်တွေကြားမှာ နာမည်ကြီးလာသူလေးကတော့ ဖိလစ်ပိုင် မင်း သားေ ချာလေး  Daniel Padilla ပါ

နာမည်အရင်းကတော့ Daniel John Ford Padilla ပါ။(၁၉၉၅) ဧပြီ (၂၆) မှာ မွေးခဲ့တာဆိုတော့ အသက်က (၂၂) ပဲရှိပါသေးတယ်။ဖိလစ်ပိုင် မနီလာ မြို့ မှာ ပဲ မွေးခဲ့တာပါ။ Padilla ဟာ ဖိလစ်ပိုင်ရဲ့  “Teen King” လို့ သတ်မှတ် ခံ ခဲ့ ရသူပါ။အနုပညာလောကထဲကိုတော့ Gimik 2010 (2010) ရုပ်သံ ဒရမ် မာ စီးရီးနဲ့ စ၀င်လာခဲ့တာပါ။(၂၀၁၁)မှာတော့ Growing Up ဇာတ်ကားမှာ အဓိက ဇာတ်ကောင်နေရာကနေ ပါဝင်ခဲ့ပါတယ်။ဖိလစ်ပိုင်ရဲ့ TV ပရိုဂရမ် တွေ ဖြစ်တဲ့ Princess and I (2012-2013),Got to Believe (2013- 20 14)၊  Pangako Sa ‘Yo (2015-2016) တို့မှာလည်း ပါဝင် ခဲ့ပါတယ်။ကြ ည့် ရှု အားပေးတဲ့ ပရိသတ်လည်း အရမ်းများခဲ့တဲ့ ပရိုဂရမ်တွေပါ။

 အဓိက မင်းသားနေရာက မပါဝင်နိုင်ခင်မှာတော့ (၂၀၁၂) လောက်က ဇာတ်ပို့ မင်းသား အဖြစ် ပါဝင်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ သူပါဝင် သရုပ်ဆော င်ခဲ့ပြီး ၀င်ငွေအကောင်းဆုံး ဖိလစ်ပိုင် ရုပ်ရှင် ဇာတ်ကားတွေကတော့ She’s Dating the Gangster (2014), Crazy Beautiful You (2015), Barcelo na: A Love Untold (2016) နဲ့ အခု ပရိသတ် တွေ အကြိုက်တွေ့နေတဲ့ Can’t Help Falling in Love တို့ပါ။အယ်လ်ဘမ်တွေလည်း ထွက်ရှိခဲ့ ဖူး ပါတယ်။ Daniel Padilla (2012), DJP (2013), I Heart You (2014), I Feel Good (2015),  DJ’ Greatest Hits (2016)..

 သူ့ရဲ့နာမည်ကြီးသီချင်းကတော့ “Simpleng Tulad Mo” ဖြစ်ပြီး aMyx Music Awards မှာ Favorite Song ဆုရခဲ့ပါတယ်။သူရခဲ့ဖူးတဲ့ ဆု တွေ ကတော့  World Music Awards(2013)မှာ ဆန်ကာတင်စာရင်းဝင် ခဲ့ဖူး ပါတယ်။ Kids’ Choice Awards for Global Slime Star ဆုတို့ပါ။ဒါတင် မက သေးပါဘူး။သူဟာ တကယ့်နာမည်ကြီး Brands တွေရဲ့ brand ambas sador အဖြစ်ပါ ဆောင်ရွက်ပေးနေသူပါ။ဒါတွေ ကတော့ သူ့ရဲ့ အနုပညာ life ပါ။ဖိလစ်ပိုင်မှာတော့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ပါ။

မိဘတွေကလည်း အနုပညာမျိုးရိုးပါ။မင်းသား Rommel Padilla နဲ့ မင်းသမီး အဆိုတော် Carla Ford  တို့ရဲ့ သားပါ။ဒါ့အပြင် အက်ရှင်စတား Robin Padilla နဲ့  Rustom Padilla တို့ရဲ့ တူပါ။ဒါပေမယ့် သူ့ရဲ့ အမေက Pad illa  ကို သူမတစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့တာပါ။Broken family ကေ န လာတယ်လို့ ပြောရမှာပါ။Padilla  မှာ  သူ့အဖေဘက်ကနေ တော်တဲ့ အဖေ တူ အမေကွဲ မွေးချင်းမောင်နှမတွေတော့ ရှိပါတယ်။သူ့အသက် (၁၆) နှစ်မှာေ တာ့ အဖေဘက်က မွေးချင်းမောင်နှမတွေနဲ့ ဆုံခဲ့တယ်လို့ သိရပါတယ်။ဒါကေ တာ့ သူ့ရဲ့ family life ပါ။ဆိုရှယ်မီဒီယာ အနေနဲ့ကတော့ တွစ်တာ အသုံးပြု တယ်လို့ သိရပါတယ်။

သူနဲ့ပတ်သက်တဲ့ တခြားအချက်အလက်တွေကတော့ Daniel John Ford Padilla ရဲ့ Nickname ကတော့ DJ လို့ပဲ ခေါ်ကြတယ်။အရပ်ကတော့ (၅) ပေ (၁၀) လက်မပါ။သူစိတ်ဝင်စားတဲ့ အရာတွေကတော့..Batman ကို ကြိုက်ပါတယ်။မင်းသားကြီး Johnny Depp ရဲ့ fan ပါ။အားကစားဆိုရင် ဘတ်စကတ်ဘောနဲ့စကိတ်စီးရတာကို ကြိုက်ပါတယ်။သူ့ကို မနက်စောစော အိပ်ယာလာနှိုးတာမျိုး၊ကရတာကို မကြိုက်ပါဘူး၊အသီးအရွက် စားရတာကို မကြိုက်ပါဘူး။ဘာကြောင့်လဲတော့ မသိရပေမယ့် သူ မကြိုက်တဲ့ အထဲမှာ Justin Bieber နဲ့ One Direction လည်း ပါပါတယ်။အကောင်တွေထဲမှာ ဆိုရင်တော့ ဖား ကြောက် တက်တယ်လို့ သိရပါတယ်။

(၁၃)နှစ်သား တည်းက စပြီး ရည်းစားထားခဲ့တယ်လို့ သိရပါတယ်။(၂၀၁၂) အထိ တော့ ရည်းစား(၃)ေ ယာက်အထိထားခဲ့ဖူးပြီး  နာမည်တွေကတော့ Kelly, Nicole နဲ့ Zharm ပါ။လက်တလောအချစ်ရေးကတော့ Teen Quee n ဖြစ်တဲ့ Can’t Help Falling in Lo ve ဇာတ်ကားထဲက မင်းသမီး Kathr yn Bernardo နဲ့ တွဲနေ တယ် ဆိုပြီး သတင်းတွေ ထွက်နေပါတယ်။

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။