ထိုင်းရုပ်ရှင်မင်းသမီးချော Chompoo Araya ကတော့ သူမရဲ့ ရင်သွေး အမြွှာလး နှစ်ယောက် ကို စက်တင်ဘာလ(၆)ရက်နေ့က အောင်မြင်စွာ မွေးဖွားခဲ့တာပါ။အခုဆိုရင်တော့ ကလေးတွေဟာ (၃) လပြည့်တော့မှာပါ။Chompoo Araya ရဲ့ ခင်ပွန်းဖြစ်သူ Nott Visarot က ကလေးတွေကို အရင်တုန်းက ‘Thu nder and Storm’.(မိုးကြိုးနဲ့မုန်တိုင်း)ဆိုပြီး နာမည်ပေးခဲ့ပါသေးတယ်။ အရင် သူမရဲ့ ပထမ ကိုယ်ဝန်တုန်းက ပျက်ကျခဲ့ဖူးတော့ အခု အမြွှာကိုယ်ဝန်ကိုတော့ Chompoo Araya တစ်ယောက် သေချာစောင့်ရှောက်ခဲ့ပါတယ်။

လေ့ကျင့်ခန်းလုပ်ရတာကို ကြိုက်တဲ့ သူမကတော့ ကိုယ်ဝန်လအတော်ရင့်တဲ့ အထိ ကိုယ်ဝန်ေ ဆာင် လေ့ကျင့်ခန်းတွေကို လုပ်ခဲ့သူပါ။ကလေးတွေကို မိခင်နို့ပဲ တိုက်ကျွေးတယ်လို့ လည်း သိရပါ တယ်။မီးမဖွားခင် လပိုင်းလောက်အလိုတည်းက အနုပညာ အလုပ်တွေကို လုံးဝ နားပြီးကလေး တွေကို စောင့်ရှောက်ခဲ့တာပါ။

အခုဆိုရင်တော့ မီးဖွားပြီးနောက်မှာ Chompoo Araya  တစ်ယောက် သူမရဲ့ BODY အလှနဲ့ BODY ၀ိတ်တက်မှာစိုးလို့ လေ့ကျင့်ခန်းတွေ ပြင်းပြင်း ထန်ထန် ကြိုးစားလုပ်နေတာကို တွေ့ရပါ တယ်။

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။