Chippy Sirin က တော့ ထိုင်းမင်းသမီး တစ်ယောက်ပါ။အသက်ကတော့ ၂၇ နှစ်ပါ။သူမက တော့ မင်းသမီး တစ်ယောက် အဖြစ် တင် မဟုတ်ပဲ နာမည်ကြီး ဆိုရှယ်မီဒီယာ influencer တစ်ယောက် အဖြစ်ပါ အသိအမှတ်ပြု ခံထားရသူပါ။ သူမကိုတော့ အသက် ၃၆ နှစ်အရွယ် မင်းသား Boy Pakorn နဲ့ Ship ကြတာ တွေ ရှိပါတယ်။ Chippy က တော့ အရင်က Antoine Pinto နဲ့ ငါးနှစ်လောက် တွဲခဲ့ဖူးပြီး ၂၀၁၉ ဇွန် လက မှ လမ်းခွဲ လိုက်တာပါ။ Boy Pakorn နဲ့ သူမ ကြားက ဆက်ဆံ ရေး အကြောင်းကို တော့ Chippy Sirin က ထုတ်ပြောလာပါတယ်။ ဒီ အကြောင်းကိုတော့ Thai Update မှာ ဖော်ပြထားတာပါ။
View this post on Instagram
View this post on Instagram
နိုဝင်ဘာ ၂၂ ရက်နေ့က ထုတ်လွှင့်ပြသခဲ့တဲ့ TV show ‘3 Zapp’ မှာ ထုတ်ပြောခဲ့တာပါ။ဝါရင့်စီနီယာ မင်းသမီး Chompoo Araya က နေ Chippy Sirin ကို Boy Pakorn နဲ့ ဆက်ဆံရေး အကြောင်း မေးခဲ့ပါတယ်။အဲ့ဒီမှာတော့ Chippy Sirin က သူမတို့နှစ်ယောက် တွဲနေတယ်ဆိုတာ မဟုတ် ကြောင်းနဲ့ Boy Pakorn ကလည်း သူမကို အီစီကလီ လုပ်တာ မျိုး တွေ ၊စိတ်ဝင်စား တဲ့ ပုံစံ ပြတာ မျိုးတွေ လုံးဝ မလုပ်ပါဘူး လို့ ပြောခဲ့ပါတယ်။ Boy Pakorn ဘက်က စိတ်ဝင်စား တဲ့ ပုံတွေ ပြလာရင်ရော လက်ခံမှာလားလို့ Chompoo Araya က ဆက်မေးခဲ့ပါတယ်။ Chippy Sirin က ဒါကိုတော့ နောက် မှ ပြောကြတာ ပေါ့ ဆိုပြီး ပြန် ဖြေခဲ့ပါတယ်။
View this post on Instagram
View this post on Instagram
Boy Pakorn နဲ့ Chippy Sirin တို့က တော့ 2018 TV drama “Matuphoom Haeng Huajai” မှာ ပါဝင် သရုပ်ဆောင် ခဲ့ ဖူးပါတယ်။အဲ့ဒီတည်းက သူတို့နှစ်ယောက်ကို ၀ိုင်း Ship ခဲ့ကြတာပါ။ Boy Pakorn က ၃၆ နှစ်ဖြစ်ပြီး Chippy Sirin က ၂၇ မို့ အသက်က တော့ ၉ နှစ်လောက် ကွာ ပါတယ်။ Boy Pakorn က လည်း အချစ်ရေးမှာ Single တစ်ယောက် ဖြစ်သလို Chippy Sirin က လည်း အရင်ရည်းစားနဲ့ ပြတ်ပြီး တည်းက Single အဖြစ် ရှိ နေပါတယ်။
View this post on Instagram
View this post on Instagram
View this post on Instagram
#CELENOW