Park Shin Hye ရဲ့ ဇာတ်ကားသစ်ကို မျှော်နေကြတဲ့ ပရိသတ်တွေ အတွက် တော့ သတင်းကောင်းရှိပါတယ်။သူမရဲ့ ရုပ်ရှင်ကား သစ် Call က တော့ မကြာခင်မှာ ထွက်ရှိလာ တော့မှာပါ။ ‘Call’ ဇာတ်ကားကို Netflix မှာ ပြသ သွားမယ်လို့ Netflix Korea က နေ အောက်တိုဘာ (၂၀)ရက်နေ့မှာ တရားဝင် အတည်ပြု လိုက်ပါတယ်။ဒီဇာတ်ကားကိုတော့ နိုဝင်ဘာ (၂၇)မှာ ပြသ သွား မှာပါ။ကိုဗစ် ကပ် ရောဂါ ကြောင့် ပြသဖို့ အရေး အကြိမ်ကြိမ် နှောင့်နှေး ရွှေ့ဆိုင်း ခဲ့ရပြီး အခုမှ ပြသမယ့် ရက် အတိအကျ ထွက် ပေါ် လာခဲ့တာပါ။ဒီအ ကြောင်းကိုတော့ All Kpop မှာ ဖော်ပြထားပါတယ်။

 

View this post on Instagram

 

가을 분위기는 모조가 다했네😎 #모조에스핀 #모든계절에찰떡 #가을엔더찰떡😘

A post shared by 박신혜 (@ssinz7) on

ဒီဇာတ်ကားမှာတော့ Park Shin Hye, Jeon Jong Seo, Lee Elle နဲ့ တခြား သရုပ်ဆောင်တွေ အများကြီး ပါဝင် ထားပါတယ်။ဒါရိုက်တာ က တော့ Lee Chung-hyun ပါ။ဒီဇာတ်ကားက တော့ လျှို့ဝှက် သည်းထိတ် ရင်ဖို ဇာတ်ကား မျိုးပါ။မတူတဲ့ေ ခတ်မှာ နေနေကြတဲ့ အမျိုးသမီးနှစ်ယောက် ဟာ ထူးဆန်းတဲ့ ဖုန်း Call တစ်ခု ကေ န တစ်ယောက် နဲ့ တစ်ယောက် ဆက်သွယ် မိသွား ခဲ့ပါတယ်။ Seo-Yeon ဆိုတဲ့ မိန်းက လေးက လက်ရှိ ခေတ်မှာ နေ နေ ပြီး Young-Sook က တော့ အရင်ခေတ် မှာေ န နေတာပါ။သူတို့ နှစ်ယောက် ဆက်သွယ်မိသွားတဲ့ အချိန်မှာ ဘယ်လို ပြောင်းလဲမှုတွေနဲ့ ကြုံ ရမလဲ ဆိုတာကို ဒီဇာတ်ကားထဲမှာ ကြည့်ရမှာပါ။

 

View this post on Instagram

 

늠름한 호제😘

A post shared by 박신혜 (@ssinz7) on

Park Shin Hye က တော့ (၂၀၂၀)မှာ ဆိုရင် Alive ဆိုတဲ့ ရုပ်ရှင်ကား လည်း ထွက်ရှိထားပါတယ်။ကိုရီးယား ဇွန်ဘီ ဇာတ်ကားပါ။ဒီကား မှာ တော့ Yoo Ah-in နဲ့ အတူ တွဲ သရုပ် ဆောင်ထားတာပါ။ဇွန်ဘီ တွေ ပြည့်နေတဲ့ မြို့ ကနေ ရအောင် ထွက် ပြေး ကြတဲ့ ဇာတ်ကားပါ။အဲ့ဒီဇာတ်ကားကို ဆိုရင်လည်း ပရိသတ်တွေ တော် တော်ေ လးကို သဘောကျခဲ့ပါတယ်။ဒရမ်မာစီးရီးသစ် အနေနဲ့ဆိုရင် တော့ JTBC Drama Sisyphus: The Myth ကို ရိုက်ကူးထားပါတယ်။(၂၀၂၁)လောက်မှာ ထွက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ဒီကားမှာတော့ မင်းသား Jo Seung Woo နဲ့ အတူ တွဲသရုပ်ဆောင်ထားတာပါ။

#CELENOW