အာရှရဲ့ နာမည်ကြီး တရုတ်မင်းသမီး Fan Bingbing ရဲ့ မောင်လေး ကတော့ ကိုရီးယားမှာ Idol Training တွေ လေ့လာသင်ယူနေတယ်လို့ သိရပါတယ်။ Fan Bingbing ရဲ့ မောင်လေး နာမည်ကတော့ Fan Chengcheng ပါ။

တရုတ်မီဒီယာ Sina ကနေ ဒီအကြောင်းကို ဖော်ပြခဲ့တာပါ။ဘယ် entertainment  ရဲ့လက်ေ အာက်မှာ သင်ယူနေတာလဲဆိုတာကိုတော့ အတိအကျဖော်ပြမထားပဲ ကိုရီးယားမှာရှိတဲ့ ente rtainment တစ်ခုရဲ့ အောက်မှာ လို့ပဲ ဖော်ပြထားပါတယ်။လေ့ကျင့်မှုတွေခံယူပြီးရင်တော့ မကြာခင်မှာပဲ ပွဲဦးထွက်တော့မယ်လို့ မျှော်လင့်ရပါတယ်။

Fan Chengcheng ကတော့ (၂၀၀၀)ခုနှစ်မှာ မွေးဖွားသူဖြစ်ပြီး အသက်ကတော့ (၁၇) ပါ။  အသက် Fan Bingbing နှစ်ရှိနေတဲ့ Fan Bingbing ထက် (၁၉) နှစ်ငယ်ပါတယ်။တရုတ်ရဲ့ အလှဆုံး မင်းသမီးလို့ သတ်မှတ်ခံထားရတဲ့ မင်းသမီးချောရဲ့ မောင်ဖြစ်တာကြောင့် ရုပ်ရည်ပိုင်း မှာတော့ မညံ့တာကို တွေ့ရပါတယ်။

Idol training ယူနေတဲ့အကြောင်း ထွက်လာတဲ့ အချိန်မှာတော့ ပရိသတ်တွေက အားလုံးက မြန်မြန်ပွဲဦးထွက်ပါတော့ဆိုပြီး ၀ိုင်းပြီး တောင်းဆိုနေကြတာကိုလည်း တွေ့ရပါတယ်။တစ်ချို့ကလည်း ဘယ်အဖွဲ့နဲ့ ဘယ်လိုမျိုးပွဲဦးထွက်လာမလဲဆိုတာကို အရမ်းကို သိချင်နေ ကြပါတယ်။

 

from allkpop

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။