Boy Pakorn က တော့ Boy ဆိုပြီး ပရိသတ်တွေ ခေါ်ကြတဲ့ ထိုင်းမင်းသားပါ။လက်ရှိမှာတော့ CH3 နဲ့ လက်တွဲ အလုပ် လုပ် နေပါတယ်။အသက် (၃၆)နှစ်ရှိ နေတဲ့ လူပျိုကြီး Boy Pakorn က တော့ ပြီးခဲ့တဲ့ ရက်က ထိုင်းနိုင်ငံ နိုင်ငံတကာ Motor ပြပွဲက ISUZU ရဲ့ ပွဲ သို့ တက်ရောက်ခဲ့ပါတယ်။ဒီတစ်ကြိမ် ပွဲက တော့ ၃၇ ကြိမ် မြောက် ကျင်းပပြု လုပ်တာပါ။ထိုင်းနိုင်ငံ Nonthaburi ပြည်နယ်၊ IMPACT Muang Thong Thani မှာ ဒီဇင်ဘာ ၂ ရက် နေ့က နေ ၁၃ ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့တာပါ။ဒီအကြောင်းကိုတော့ novotelbangkokimpact မှာ ဖော်ပြထားတာပါ။
View this post on Instagram
ထိုင်းနိုင်ငံရဲ့ အကြီးဆုံးကားပြပွဲတွေ ထဲက တစ်ပွဲ ဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ကားထုတ်လုပ်မှု လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာရေး အတွက် ရည်ရွယ် ပြီး ကျင်းပ တာပါ။ ကားထုတ်လုပ်တဲ့ ကုမ္ပဏီ တွေ အများကြီးနဲ့ ကားကို စိတ်ဝင်စားသူတွေ တက် ရောက် ခဲ့ကြပါတယ်။ကားကုမ္ပဏီ တွေကေ တာ့ ဒီပြပွဲ အတွက်း သူတို့ရဲ့ နောက်ဆုံးပေါ် မော် တော်ကား အမိုက်စားကြီး တွေ ကို လည်း မိတ်ဆက် ပြခဲ့ပါ တယ်။
View this post on Instagram
Boy က တော့ ISUZU ရဲ့ မော်တော်ကား သစ်ကြီး မိတ်ဆက်တဲ့ ပွဲကို တက်ရောက်ခဲ့တာပါ။ISUZU က တော့ ထိုင်းနိုင်ငံမှာ သူတို့ရဲ့ Brand New ကားသစ် MU-X ကို မိတ်ဆက် ပေးခဲ့ပါတယ်။မနှစ်တုန်းက မိတ်ဆက် ပေးခဲ့တဲ့ D-Max pick up truck ကားကို အခြေခံ ပြီး ဖန်တီး ထုတ်လုပ်ထားတဲ့ ကားပါ။Boy က တော့ MU-X ကားအမိုက်စားကြီး နဲ့ Pose တွေ ပေးပြီး အရမ်းကို မိုက် နေခဲ့ပါတယ်။
View this post on Instagram
Boy ရဲ့ အနုပညာလှုပ်ရှားမှု အနေနဲ့ ဆိုရင် တော့ Barb Ayuttitham (2020) ဆိုတဲ့ ဇာတ်ကား ထွက်ဖို့ ရှိပါတယ်။ဒီကားမှာတော့ Gina Yeena Salas နဲ့ အတူ တွဲ သရုပ်ဆောင်ခဲ့တာပါ။သူ မလုပ်တဲ့ အရာ တစ်ခု အတွက် ထောင်ကျ ခဲ့ရပြီး သူ့ကို ဒီလို ဖြစ်အောင် လုပ်တဲ့ သူတွေ ကို ပြန်လက် စားချေ တဲ့ ဇာတ်ကားပါ။ဒါ့အပြင် မင်းသမီး Namtarn Pichukkana နဲ့ အတူတွဲ သရုပ်ဆောင်ထားတဲ့ Sai Lub Lip Gloss (2021) ဆိုတဲ့ ဇာတ်ကားလည်း ထွက်ဖို့ ရှိပါတယ်။
View this post on Instagram
View this post on Instagram
#CELENOW