Bella Ranee က တော့ TV show ‘3 Zaap’ မှာ Weir နဲ့ စ တွေ့ တုန်းကအ ကြောင်းကို ပြန် ပြောခဲ့ပါတယ်။TV Host ဖြစ်တဲ့ Kalamere က စ တွေ့ တုန်းက Weir က ဘယ်လို စကား စ ပြောလဲ လို့ မေးခဲ့ပါတယ်။အဲ့ဒီ အခါမှာတော့ Bella က စ တွေ့ တုန်းက Weir က အကြံ ပေး တစ်ယောက် ၊အစ်ကို ကြီး တစ်ယောက် လို သူမ အပေါ် ဆက်ဆံ ခဲ့တယ် လို့ ဆိုပါတယ်။အဲ့ဒီ တုန်းက နှစ်ယောက်သား တခုခု ကို တော့ ဆွေးနွေး ခဲ့ စကားပြော ဖြစ်တယ်ဆိုတာကိုတော့ သိပေမယ့် ဘာ အ ကြောင်းကို ပြောလဲ ဆိုတာ တော့ မမှတ် မိ တော့ ဘူး လို့ Bella က ပြောခဲ့ပါတယ်။ဒီအ ကြောင်းကိုတော့ Thai Update မှာ ဖော်ပြထားတာပါ။
View this post on Instagram
View this post on Instagram
ဒါပေမယ့် အဲ့ဒီ တုန်းက သူမက အနုပညာလောကထဲ စ၀င်ခါ စမို့ အလုပ်နဲ့ ပတ်သက်ပြီး Weir နဲ့ ပြော ဖြစ်တာ ဖြစ်နိုင် တယ် လို့ Bella က ပြော ခဲ့ပါတယ်။Weir က သူ အလုပ် စ လုပ် တုန်းက အကြောင်း တွေ ပြောပြပြီး သိချင်တာ ရှိရင် မေးဖို့ ပြောခဲ့တာကို တော့ Bella က မှတ်မိ နေပါ သေးတယ်။Bella နဲ့ Weir ကေ တာ့ Channel မတူ ကြပါဘူး။အရင် တုန်းက အင်တာဗျူး မှာတော့ ဒါနဲ့ ပတ်သက်ပြီး သူမကို မေးဖူးပါတယ်။CH မတူ တော့ ဒါက သူတို့ ကြားမှာ ပြဿနာ ဖြစ် စေ လား လို့ မေး တော့ Bella က ..” တကယ် တော့ အဲ့လို မဖြစ် ပါဘူး။သူက ကျွန်မ အတွက် အကောင်းဆုံး အကြံ ပေး တစ်ယောက်ပါ။ကျွန်မ အတွက် အကောင်း ဒါမှမဟုတ် အဆိုးနဲ့ ကြုံ တိုင်း သူက ကျွန်မ နားမှာ အမြဲ ရှိပြီး အားပေးတတ်တဲ့ လူမျိုးပါ..”
View this post on Instagram
View this post on Instagram
သူမရဲ့ IG မှာ Weir တစ်ယောက် မကြာခဏ Comment ၀င် ရေးတာ နဲ့ ပတ်သက်ပြီး အရင် တုန်းက အင်တာဗျူး ဟောင်းမှာ အခုလို ပြောဖူးပါတယ်။” သူက အရင် က Instagram ကို သိပ် သုံးတာ မဟုတ်ပါဘူး။သူက သူများ Comment တွေ မြင် ရင် ဒါက ပျော်စရာ လို့ ပဲ မြင် တယ်။IG သုံး ပြီ ဆိုတာ နဲ့ ကျွန်မ ဆီကို မက် ဆေ့ခ်ျ မပို့ပဲ ချက် ချင်း ပဲ Comment တွေ မှာ ၀င် မန့် တော့တာပဲ..” လို့ Bella က ပြောခဲ့ပါတယ်။Weir နဲ့ Bella တို့က တော့ အခု ဒီဇင်ဘာ လ ဆန်းပိုင်း လောက်က ချစ်သူ သက်တမ်း (၈)နှစ်ပြည့် သွားခဲ့ပါပြီ။
View this post on Instagram
#CELENOW