လက်ရှိမှာ ထိုင်းနိုင်ငံမှာရော မြန်မာပရိသတ်တွေကြားမှာပါ ရေပန်းစားနေတဲ့ ထိုင်း မင်းသမီးချောလေး ရှိပါတယ်။သစ္စာရှင်ဇနီးသည် (Faithful and Bel oved Wife) ဆိုတဲ့ ဒရမ်မာ ဇာတ်လမ်းတွဲက သူမကို ပိုပြီး လူသိ များေ စခဲ့ ပါတယ်။ပုရိသတွေရော၊မိန်းကလေးချင်းတောင် ကြွေ ရတဲ့ သူမရဲ့ နာမည် ကတော့ Bella Ranee ပါ။
နာမည်ရင်းကတော့ Ranee Campen ဖြစ်ပြီး၊(၁၉၈၉)ခုနှစ် ဒီဇင်ဘာ(၂၄) ရ က်နေ့က ဘန်ကောက်မှာ မွေးခဲ့ကာ အသက်ကတော့ (၂၇)နှစ်ပါ။သူမဟာ ထို င်းဗြိတိန် မင်းသမီးချောလေးပါ။ဘာလို့ဒီလိုပြောရသလဲဆိုတော့ သူမရဲ့ အဖေ ဟာ ဗြိတိန်၊အမေကတော့ ထိုင်းဖြစ်ပြီး တစ်ဦးတည်းသောသမီးလေးပါ။သူမရဲ့ ပညာအရည်အချင်းကတော့ Thammasat တက္ကသိုလ်မှာ Journalism and Mass Communication နဲ့ဘွဲ့ရခဲ့တာပါ။အဲ့ဒီတက္ကသိုလ်ကနေပဲ မာစတာ ဘွဲ့ကို (၂၀၁၆)နိုဝင်ဘာက ရခဲ့ပါတယ်။
ကြော်ငြာတွေမှာ မော်ဒယ်အဖြစ် ပါဝင်ခဲ့ရာကနေ အနုပညာနယ်ပယ်ထဲကို ၀င် လာခဲ့တာပါ။ကြော်ငြာ(၁၀)ခုမှာ ပါဝင်ခဲ့ပြီးနောက် Channel (3)နဲ့ စာချုပ် ချုပ်ခဲ့ပါတယ်။(၂၀၁၁)တည်းက Channel(3)ရဲ့ မင်းသမီးဖြစ်လာခဲ့တာပါ။ Porn Prom Onlaweng(2013) ကတော့ သူမရဲ့ပထမဆုံး ခေါင်းဆောင် မင်းသမီးအဖြစ် ပါဝင်ခွင့်ရခဲ့တဲ့ ဇာတ်ကားပါ။
(၂၀၁၃)မှာတော့ James Jirayu နဲ့အတူ ‘Suparburoot Jutathep ၊Kh un Chai Puttipat အစရှိတဲ့ TV ဇာတ်လမ်းတွဲတွေမှာ အတူ သရုပ်ဆောင် ခဲ့ပြီး နာမည်ကြီးလာခဲ့တာပါ။Jirayu Tangsrisuk (James J) နဲ့ သူမဟာ အတွဲညီညီသရုပ်ဆောင်ချက်တွေကြောင့် “Fantasy Couple of the Year “ဆုရခဲ့ပါတယ်။ပရိသတ်တွေအကုန်လုံးကလည်း သူမတို့ နှစ်ေ ယာက် ကို တကယ့်အပြင်မှာပဲ စုံတွဲ ဖြစ်သွားဖို့ အားပေးနေကြပါတယ်။
