Baifern Pimchanok က တော့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး မင်းသမီးချောလေးပါ။ Mario နဲ့ အတူ တွဲ သရုပ်ဆောင် တဲ့ Crazy Little Thing Called Love ဆိုတဲ့ ဇာတ်ကားနဲ့ နာမည်ကြီးလာခဲ့သူပါ။ (၁၉၉၂) ခုနှစ် စက်တင်ဘာ (၃၀)ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး သူမရဲ့ အသက်ဟာ အခုဆိုရင်တော့ (၂၈)နှစ်ရှိနေပါပြီ။ Baifern Pimchanok က တော့ အလုပ်တွေ အရမ်းကြိုးစားသူပါ။ဆက်တိုက် ဆိုသလို ဇာတ်ကားတွေ၊ေြ က်ာငြာ တွေ မနားတမ်းရိုက်ကူးနေသူပါ။အလုပ်အရမ်းကြိုးစားတဲ့ Baifern က တော့ အခု ဆေးရုံတက် နေရပါတယ်။
View this post on Instagram
ဒီအကြောင်းကိုတော့ Baifern က သူမရဲ့ Imstagram ကနေ အသိပေးထားတာပါ။သူမ ကြောင့် ရိုက်ကူးရေး နှောင့်နှေးခဲ့ရတဲ့ အတွက် လည်း ရိုက်ကူးရေး အဖွဲ့သားတွေ၊သရုပ်ဆောင်တွေ ကို တော င်းပန်တဲ့အ ကြောင်း Post တင်ထားပါတယ်။အလုပ်ပင်ပန်းမှု ဒဏ်တွေ၊ ကောင်းကောင်း သေချာအနား မယူရတာတွေ ကြောင့် အခုလို မျိုး ဆေးရုံတင်လိုက်ရတဲ့ အထိ ဖြစ်ခဲ့ရတာပါ။တင်ထား တဲ့ ပုံ ထဲမှာတော့ ဆေးပုလင်းချိတ်ခံ ထားရတာကို တွေ့ရမှာပါ။
Baifern ရဲ့ Post အောက်မှာတော့ သူမကို ချစ်တဲ့ ပရိသတ်တွေ နဲ့ လုပ်ဖော်ကိုင်ဖက် အနုပညာရှင် တွေ က ၀ိုင်းအားပေး ထားကြသလို အမြန်ဆုံး နေပြန် ကောင်းလာစေဖို့ ကိုလည်း ဆုတောင်း ပေးထားကြပါ တယ်။DJ Push က ဆိုရင် အမြန်ဆုံး နေပြန် ကောင်းလာ ပါ စေ ဆိုပြီး Comment မှာ ၀င်ရေးထားပါတယ်။

(၂၀၂၀)ထဲမှာတော့ သူမရဲ့ Sroi Sabunnga (2020) ဆိုတဲ့ ဇာတ်ကားသစ် ဒီဇင်ဘာလထဲမှာ ထွက်လာ ဖို့ရှိပါတယ်။ ဒီကားမှာတော့ Nine Naphat Siangsomboon နဲ့ အတူ တွဲသရုပ်ဆောင်ထားတာပါ။ရုပ်ရှင်ကားအ နေနဲ့ ဆိုရင်တော့ Nadech Kugimiya နဲ့ သူမရဲ့ ရုပ်ရှင်ကားသစ် ထွက်လာဖို့ ရှိပါတယ်။ GDH Production နဲ့ တွဲရိုက် တဲ့ ဇာတ်ကားပါ။ဒီကားကတော့ Friend Zone ဇာတ်ကားအပြီး Baifern နဲ့ GDH တို့ ဒုတိယ မြောက် လက်တွဲ ရိုက်ကူး တဲ့ ဇာတ်ကားပါ။
#CELENOW(ref:IG/Baifern)