နာမည်ကြီးအောင်မြင်ခဲ့တဲ့ ကိုရီးယားဒရမ်မာဇာတ်ကားတွေကို တခြားနိုင်ငံေ တွက ပြန်လည်တုပရိုက်ကူးတာမျိုး ရှိပါတယ်။ရိုက်ကူးခဲ့တဲ့ ဇာတ်ကား တ စ်ချို့ ကတော့ အောင်မြင်ခဲ့ပေမယ့် တစ်ချို့ကတော့ မူရင်းကိုရီးယားဇာတ်ကားလော က် မကောင်းလို့ ဝေဖန်ခံခဲ့ရတာတွေလည်း ရှိပါတယ်။ကိုရီးယား ဒရမ်မာ ဇာတ် ကားတွေကို ပြန်ရိုက်ထားတဲ့ ထိုင်းဒရမ်မာ ကားတွေကတော့…..

1. Ruk Nee Chau Nirun

ဒီTV ဒရမ်မာ ဇာတ်ကားကတော့ မြန်မာပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့တဲ့ ဆောင်းဦးရွက်ကြွေချစ်သက်သေ ဆိုတဲ့ Autumn in My Heart of ကို ပြန်ရိုက်ထားပါတယ်။သရုပ်ဆောင်တွေကတော့  Aom Sushar နဲ့ Tik Jesdaporn ပါ။

 

2. Woon Nuk Ruk Tem Barn

ချစ်စံအိမ်ဆိုပြီး ပရိသတ်တွေသိထားတဲ့ Rain နဲ့ဆောင်းဟေကိုတို့ရဲ့ Full House’ဆိုတဲ့ ဇာတ်ကားကို ပြန်ရိုက်ထားတာပါ။Mike D. Angelo နဲ့ Aom Sushar တို့ သရုပ်ဆောင်ထားတာပါ။ဒီဇာတ်ကားဟာ ကိုရီးယားကားကို ပြန်ရိုက်ထားတာဆိုပေမယ့် ထိုင်းမှာရော၊အာရှမှာပါ အောင်မြင်မှုရခဲ့ပါတယ်။

3. Rak Lon Jai Nai Klaeng Joob

ဒီဇာတ်ကားကလည်း Playful Kiss ဆိုတဲ့ ကိုရီးယားကားကို ပြန်ရိုက် ထားတာပါ။True4u channel ကနေ ထုတ်လုပ်တာဖြစ်ပြီး  sAom Sushar နဲ့ Mike D. Angelo တို့က သရုပ်ဆောင်ထားတာပါ။ဒီဇာတ်ကားဟာလည်း အောင်မြင်မှုရခဲ့ပါတယ်။

4. Woon Ruk Jao Chai Cafe

ကော်ဖီချစ်သူ ဆိုတဲ့ ဇာတ်ကားကို ပြန်ရိုက်ထားတာပါ။Tao Sethapong, ၊Maxine Intiporn တို့ ပါဝင်သရုပ်ဆောင်ထားတာပါ။ဒါပေမယ့် မူရင်း ဇာတ်ကားကို မမီတဲ့ အတွက် ဒီကားကတော့ အောင်မြင်မှုမရခဲ့ပါဘူး။

5. Ruk Woon Woon Jao Ying Jom Joon

ဒီကားကတော့ ထိုင်းမှာရော မြန်မာပရိသတ်တွေ ကြားမှာ လက်ရှိအောင်မြင်နေတဲ့ K-drama ကားကို ပြန်ရိုက်ထားတဲ့ ထိုင်းကားပါ။Princess Hours ဆိုတဲ့ နာမည်ကြီး ကိုရီးယားဇာတ်ကားကို ပြန်ရိုက်ထားတာပါ။Pattie Ungsumalynn နဲ့ Tao Sethapong တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ref;dara

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။