ရုပ်ရှင်ဇာတ်ကားတွေ၊ဗီဒီယို ဇာတ်ကားတွေမှာ အဖေနေရာကနေ အများအားဖြင့် ပါဝင်သရုပ်ဆောင်လေ့ရှိပြီး ပရိသတ်တွေကို ရယ်စရာဆိုလည်း ရယ်မောရအောင် ဝမ်းနည်းစရာဇာတ်ရုပ်ဆိုလည်း မျက်ရည်ကျလောက်အောင် သရုပ်ဆောင်တတ်တဲ့ ဝါရင့်သရုပ်ဆောင်ကြီး ဦးဝင်းမြိုင်ကတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူ့ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သတ်ပြီး ပရိသတ်တွေကို ဖွင့်ဟပြောဆိုလာတာဖြစ်ပါတယ်။

ဦးဝင်းမြိုင်ကတော့ သူ့ရဲ့ ဖေစ်ဘုတ်ပေါ်မှာ” 24 hrs, holder ” E.C.G စက်​တပ်​ထားရလို့ ဒီ​နေ့ တစ်​​နေကုန်​ ဖုန်း မကိုင်​ရဝူးတား fris ​တေကို သတိရလွန်းလို့​ရောဂါပိုတိုးသလိုပဲ တား တနားပါရယ်​​နော်​ စိုးရိမ်​စရာ​တော့မရှိပါ  နုလုံးခုံ မမှန်​တာရယ် ​နုလုံးခုံ ​နှေးတာရယ်​ပါ  ” လို့ရေးပြီး ဓါတ်ပုံနဲ့တကွ တင်ထားတာဖြစ်ပါတယ်။

ပရိသတ်တွေလည်း သရုပ်ဆောင်မင်းသားကြီး ဦးဝင်းမြိုင်ရဲ့ ကျန်းမာရေးအတွက် ဆုတောင်းပေးလိုက်ပါဦးနော်။ ဦးဝင်းမြိုင်ကတော့ နေမကောင်းပေမဲ့လည်း အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်လျက်ရှိတာကြောင့် သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးလိုက်ပါဦးနော်။

Source: Win Myaing