ကိုးရီးယားနိုင်ငံရဲ့ သတင်းထောက်တစ်ယောက် ရေးသားတဲ့ article တစ်ပုဒ်ကြောင့် BLINKS တွေ ဒေါသထွက်နေကြပါတယ်။ ဒီသတင်းကို kstarlive က ဖော်ပြထားတာ ဖြစ်ပါတယ်။
View this post on Instagram
မကြာသေးခင်က သတင်းတစ်ပုဒ်မှာ BLACKPINK ရဲ့အဖွဲ့ဝင် Jennie ကို ပြောထားတဲ့ အကြောင်းအရာကြောင့် Jennie ဟာ အာရုံစိုက်ခံနေရသလို ဒီကိစ္စကြောင့် တစ်ချို့ပရိတ်သတ်တွေကလည်း ဒေါသထွက်နေကြပါတယ်။ ဒီသတင်းကို kstarlive က ဖော်ပြထားတာ ဖြစ်ပါတယ်။
View this post on Instagram
ဒီသတင်းကို Newsnack ကနေတင်ခဲ့တာဖြစ်ပြီးတော့ သတင်းရဲ့ ခေါင်းစဉ်က “Jennie ဝိတ်ပိုတက်လာတာလား သူမရဲ့ လတ်တလော 2021 မှာတင်ထားတဲ့ ဓာတ်ပုံကြောင့် Jennie ကို ပရိတ်သတ်တွေ စိုးရိမ်နေကြတယ်” ဆိုပြီး ရေးသားထားခဲ့တာ ဖြစ်ပါတယ်။
View this post on Instagram
အဲဒီ့ခေါင်းစဉ်နဲ့အတူ Jennie ရဲ့ instagram အကောင့်မှာ new year ကိုကြိုဆိုတဲ့အနေနဲ့ Jennie ကိုယ်တိုင်တင်ထားခဲ့တဲ့ ပြုံးရယ်နေတဲ့ ဝါးတားတား ပုံလေးတစ်ပုံကို ဖော်ပြထားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီသတင်းရဲ့အောက်မှာတော့ ကိုးရီးယားပရိတ်သတ်တွေရော၊ နိုင်ငံတကာ ပရိတ်သတ်တွေကပါ ဒါဟာ Jennie ကို body shaming လုပ်တယ်ဆိုပြီး ပြောထားကြပါတယ်။
View this post on Instagram
ဒီကိစ္စကို BLINKS တွေကလည်း ဒေါသထွက်နေပြီး ပရိတ်သတ်တွေများစွာက “ဒီသတင်းထောက်ကို အလုပ်ဖြုတ်သင့်တယ်” “ဝိတ်တွေပိုတက်လာတယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ သူမက အခုထိ ပိန်ပိန်ပါးပါးလေးပဲရှိသေးတယ်” “ခုလိုမျိုး ဈေးပေါတဲ့ article တွေရေးတာ ရှက်ဖို့ကောင်းတယ်” စသဖြင့် များစွာပြောထားကြပါတယ်နော်။
Khin