မျက်မြင်သက်သေတစ်ဦးကတော့ Luhan နဲ့ Guan Xaiotongတို့နှစ်ဦး ဆေးလိပ်သောက်နေတာကို တွေ့ခဲ့တယ်ဆိုပြီး ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။တရုတ်သတင်းဌာနတစ်ခုက ပြောကြားချက်အရတော့ မင်းသား Chen He နဲ့ သူ့ဇနီး  Zhang Zixuan တိုစုံတွဲနဲ့အတူ Luhan တို့စုံတွဲဟာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အတူအပန်းဖြေ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

မျက်မြင်သက်သေတွေကတော့ “သူတို့စုံတွဲဟာ ကျွန်တော်နဲ့ နီးနီးလေးမှာ ထိုင်ပြီးစကားပြောနေကြတာပါ။ သူတို့တွေဟာ ဆေးလိပ်သောက်နေကြပြီး ဆေးလိပ်ကိုလည်း စွဲလန်းနေပုံပေါ်တယ်”လို့ပြောခဲ့ပါတယ် ။ဒီသတင်းဟာ အားလုံးကို ထိတ်လန့်စေခဲ့ပါတယ်။ဘာကြောင့်လဲ ဆိုတော့ Guan Xaiotongကြောင့်ပါ။

Guan Xaiotongဟာ တရုတ်နိုင်ငံကWorld Health Organizationရဲ့ ဆေးလိပ်မသောက်ရ စည်းရုံးရေးမှာ ဂုဏ်ထူးဆောင်သံတမန်တစ်ဦးဖြစ်ပါတယ်။ ဒီသတင်းရဲ့ နောက်ဆက်တွဲကိစ္စတွေကို ဆက်လက်စောင့်စား ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Source: Kstarlive